.. ၁၈၅ ..
6.7K 773 8
《Zawgyi》
အပိုင်း - ၁၈၅
[ဇနီးအနားမှာ နေမှာ - ၂]
"အဟက်"
ငါ့များ ဝက်မှတ်နေလား!
ချင်းစုယွဲ့က နောက်ဆုံးတော့ နားလည်သွားလေပြီ။ ချန်းစီနျန်တစ်ယောက် သမီးလေးမရမချင်း ရပ်မှာမဟုတ်။
သူမတို့က ပြန်လာပြီး တစ်ရက်လုံးအနားယူပြီးတော့ ချင်းစုယွဲ့က တစ်လစာ လစ်လပ်ခဲ့တဲ့ အလုပ်တွေကို ပြန်စဖို့ ပြင်ဆင်ရလေသည်။
ကုမ္ပဏီရဲ့ရှယ်ယာရှင် ဥက္ကဌကြီး ချန်းစီနျန်ကတော့ တော်တော်လေး တက်ကြွနေကာ ဟန်းနီးမွန်းခရီးတစ်လျောက်လုံး သူ့အလုပ်တွေကို ထားခဲ့ရတာတောင် သက်တောင့်သက်သာ ဖြစ်နေဆဲပင်။
သူက လက်ပ်တော့နဲ့အလုပ်ဖုန်းကို ပိတ်သည်။ သူ့ ကိုယ်ရေးကိုယ်တာ ဖုန်းကိုတောင် ပိတ်ထားခဲ့တာဖြစ်ကာ ဖုန်းအသစ်တစ်လုံးဝယ်ပြီး ချင်းစုယွဲ့တစ်ဦးတည်းနဲ့ ဆက်သွယ်ခဲ့တာဖြစ်သည်။
မော်ရွှီယွမ်ခမျာ အရေးကြီးကိစ္စပေါင်းသောင်းခြောက်ထောင်ကြောင့် ခေါ်ဆိုဆက်သွယ်ပေမယ့် မရ။ လေယာဉ်စီးပြီး လိုက်သွားဖို့ ဆုံးဖြတ်မိလုနီးနီးအထိပင်။
ဖုန်းမကိုင်သည့် သူဌေးကြောင့် လက်ထောက်ဝမ်မှာလည်း ကူရာမဲ့နေရသည်။ သူ့သူဌေးက ကုမ္ပဏီရဲ့ခေါင်းဆောင်လေ သူက ဘာလုပ်နိုင်မှာတဲ့လဲ? သူစွမ်းသလောက်နဲ့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့် နေရာတွေမှာတော့ ချန်းစီနျန်ပြန်လာပြီး ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းရမည်သာ ဖြစ်သည်။
ချန်းစီနျန်က စီးပွားရေးလောကထဲကို စဝင်ထဲက နှစ်သစ်ကူးအချိန် ရက်အနည်းငယ်လောက်လေး နားတာကလွဲလို့ ၁၀ရက်ကျော်ကြီး တစ်ခါမှ အနားမယူခဲ့ဖူးပေ။ တစ်လလုံး အနားယူဖို့ ဆုံးဖြတ်ခဲ့သဖြင့် ပြန်လာတဲ့အခါ တကယ်ကို အလုပ်တွေရှုပ်နေတော့သည်။
သူက တစ်နေ့လုံး ကုမ္ပဏီကိစ္စတွေ ဖြေရှင်းပြီးနောက် ညနေပိုင်းမှာလည်း သူ့ကိုယ်ပိုင်ကုမ္ပဏီအတွက် မော်ရွှီယွမ်နဲ့ ဆွေးနွေးရသေးသည်။