.. ၁၈၆ ..
7.4K 1K 79
《Zawgyi》
အပိုင်း - ၁၈၆
[ဇနီးအနားမှာ နေမှာ - ၃]
ချန်းစီနျန်က ပြောင်ပြောင်တင်းတင်း ငြင်းဆိုလိုက်တာကိုကြားတော့ မော်ရွှီယွမ်က နှမျောတသနှင့် ပြောလာသည်။
"မင်းက ဘယ်သူ့ရဲ့ဒီဇိုင်းကိုမှ စိတ်တိုင်းကျမှာမဟုတ်ဘူးဆိုတာ ငါသိတယ် ... ဘာလို့ငါ့အကြံကို လက်မခံတာလဲ?"
"လက်မခံဘူး"
ချန်းစီနျန်က စာရွက်ကိုသာ ငုံ့ကြည့်နေသည်။
"မင်းမှာ အရေးကြီးကိစ္စ ပြောစရာကျန်သေးတယ်ဆိုရင် မြန်မြန်ပြော ... ငါကအိမ်ပြန်ပြီး ငါ့ဇနီးအနားနေရဦးမှာ"
မော်ရွှီယွမ်မှာ ပြောစရာစကားပင်မရှိတော့ပဲ ပေါက်ကွဲချင်လာသညိ။
သူက ဒီလောက်ကြီး အကြင်နာမဲ့ ရက်စက်ဖို့ လိုသလား?!
ငါတို့စင်ဂယ်တွေက ရှေ့မှာ အတွဲတွေလာရိုပြတာကို မခံစားနိုင်ဘူးဆိုတာ မသိဘူးလား?!
ချန်းစီနျန်ကတော့ ဂရုမစိုက်ပေ။ သူက အိမ်ကို ည ၁၀နာရီမတိုင်ခင်မှာ ပြန်ရောက်လာသည်။ မီးတွေဖွင့်ထားပေမယ့် ဧည့်ခန်းထဲမှာတော့ တိတ်ဆိတ်နေတယ်ဆိုတာ တွေ့လိုက်ရ၏။
သူက အနွေးထည်ကိုချွတ်ကာ အိပ်ခန်းထဲ ဝင်လာတော့လည်း မည်သူမျှမရှိ။ စာကြည့်ခန်းထဲ ဝင်လာတော့မှ ထင်တဲ့အတိုင်း သူမက လက်ပ်တော့ရှေ့မှာထိုင်ကာ အစီအစဉ်အတွက် ဇာတ်ညွန်းကို ရေးသားနေသည်။
ချန်းစီနျန်က တံခါးကိုမှီရပ်ကာ သူ့အကြည့်က သူမရဲ့ ပုခုံးတွေကိုလှစ်ဟထားသော အနီရောင်ဝတ်စုံပေါ် ကျရောက်သွားသည်။ သူမရဲ့ဖြူဖွေးပြီး နူးညံ့လှတဲ့ ပုခုံးသားလေးတွေက ပေါ်ထွက်နေကာ အနီရောင်ဝတ်စုံကြောင့် သူမရဲ့အသားအရေကို ပိုလို့တောင် နူးညံ့ချောမွတ်ပုံပေါ်နေစေသည်။
ချန်းစီနျန်ရဲ့အကြည့်က အောက်ရှိ သွယ်လျဖြူဖွေးနေတဲ့ ပေါင်လေးတွေထံ ကျရောက်သွားပြန်ကာ ညှို့ငင်ခံရပြီးမှင်သက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူမက ထိုင်နေသဖြင့် ဝတ်စုံက ပေါင်တစ်ဝက်ခန့်ကိုသာ ဖုံးကွယ်ထားနိုင်၍ပင်။
မိန်းမလှလေးတစ်ဦးက အိမ်မှာ သူ့ကို ထိုင်စောင့်နေတဲ့ ခံစားချက်က သိပ်မဆိုးလှပေ။