ကိုကို့ရဲ့အရုပ်လေး part-19

10.9K 831 73
                                    

Part -19

"ကျန်ကျန့် ရိပေါ်ကောကခရီးမှာလက်ထပ်
ခွင့်တောင်းတာမလား။ဟုတ်တယ်မလား!"

ကျန်ချန်း သိချင်လွန်းလို့မျက်လုံးများတောင်
အရောင်တွေလက်ထနေပြီ။

"ဟမ်! ကိုကို ငါ့ကိုလက်ထပ်ခွင့်တောင်းတာ မင်းဘယ်လိုသိတာလဲ"

"ဟားဟား ကျန်ကျန့် မင်းကတစ်ကယ့်တာဇံလေးပဲ..အမြဲအတူသွားနေကြငါတို့ကိုထားခဲ့ထဲကကျန်ခဲ့တဲ့သူတိုင်းသိတယ် မင်းသာမသိတာ။လက်စွပ်ကြီးကိုလည်းမမြင်ရအောင် ငါက အကန်းလား မျက်စိတောင်ကြိမ်းတယ်"

ကျန်ချန်းကမဲ့ရွဲ့ကပြောနေတော့ရှောင်ကျန့်ရှက်စိတ်နဲ့အတူမျက်စောင်းလေးထိုးမိတော့သည်။သူပဲသိနိုင်လွန်းတယ်။သူများကကြွားမလို့ဟာကို စိတ်တိုစရာ။

"ငနာကောင် အင့်ဟာ အင့်ဟာ ရယ်ချင်ဦး"

ကျန်ချန်းကတာဇံလေးလို့ခေါ်ကာဟားနေသည်မို့ ကျန်ချန်းကို ချပါတော့သည်။

"နာတယ်ဟ ငကျန့်ရ မင်းကတာဇံမဟုတ်လို့လား အဲ့လောက်တုန်းနေတာ။ပြန်လာတာ အကောင်းတိုင်းဟုတ်ရဲ့လား"

ကျန်ချန်း စကားကြောင့်အလိုလိုနေရင်းပိုရှက်မိ၏။ကျန်ချန်းဒီအထိတော့မသိဘူးမလား။ကိုကိုနဲ့သူကအဲ့လောပ်ထိသိသာအောင်လည်းမနေမိပါဘူး။

"ကျန်ချန်း ဘာ ဘာတွေပြောနေတာလဲ
မင်းနော် ငါ ကိုကိုနဲ့တိုင်မှာ"

"မယူရသေးတဲ့လင်ကိုအားကိုမနေနဲ့။အရင်က ကျန်ချန်း ကျန်ချန်း ဆိုပြီးတစ်ချန်းတည်း ချန်းခဲ့ပြီးတော့ အခု ငါ့ကို ပလစ်တော့မို့လေ"

"မင်းက လျှောက်ပြောနေတာကို "

"အမယ် ငါကဘာပြောလို့လ.. မင်းကိုရိပေါ်ကောကရောင်းမစားပဲအကောင်းတိုင်းပြန်ခေါ်လာတာကိုပြောနေတာလေ ဘာတွေ ရှက်ပြီး ငါ့ရိုက်ရတုန်း"

ကျန်ချန်း ပြောနေရင် ကျန့်ကျန့်ကိုကြည့်ကာ

"ကျန့်ကျန့် မင်းမဟုတ်မှ ..... မင်းကိုမင်း
ရိပေါ်ကောကိုရောင်းထားလား ..ဟဟဟ"

"ကျန်ချန်း!!! မင်းသေဖို့ပြင်ထားမပြေးနဲ့"

ရှောင်ကျန့် ကျန်ချန်းကိုလိုက်ချတော့
ကျန်ချန်းပြေးလေသည်။အရှေ့ကပြေးသည့်ကျန်ချန်းကိုအနောက်ကလိုက်ရင်းထောင့်အကွယ်က ချိုးပြီးအထွက်

ကိုကိုရဲ့ အရုပ်လေး (Complete )Where stories live. Discover now