25

286 24 0
                                    

လှည့်စားတတ်သောနှလုးံသား(25)

Gulf တစ်ယောက် Mew ကိုရှောင်ဖို့အတွက် အလုပ်ပင် မသွားတာ တစ်ပတ်ကျော်ရှိနေပြီ Champ studioမှာသာ လုပ်နေရင်း.....

ကလင်..ကလင်..ဖုန်းသံကြောင့် Gulf ဖုန်းကိုင်လိုက်တယ်....

Hello...

Hello..ဆာဝါဒီခ Somchai..P' Nick ပါ

Aww...ဟုတ်ကဲ့ P' ဘာကိစ္စရှိလို့လဲ..

မနက်ဖြန် ကြေညာအသစ်ရိုက်ရမှာမို Company ကို လာစေချင်တယ်...

အော်...အလုပ်ကိစ္စပဲ ကျွန်တော်လာခဲ့မှာပါ..P'..

ဖုန်းပြောပြီးဖုန်းချလိုက်ပေမယ့် Gukfတစ်ယောက် Mewကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသလို...အိမ်မပြန်တာလဲ တစ်ပတ်ရှိနေပြီ...

Mewနဲ့တွေ့ပြီးနောက်ပိုင်း Samနဲ့ဝေးလာတယ်...
သူကိုယ်တိုင်ကကို P'Sam ကိုအားနာလာတယ်...
သုးံနှစ်လုးံလုးံ ချစ်ဖို့ကြိုးစားပေမဲ့ ချစ်လို့မရနိုင်...
ချစ်သူမို့လို့ ချစ်တယ်ဆိုပြီး ကိုယ်ကို လိမ်ညာပြီးနေခဲ့တဲ့ သုးံနှစ်အတွင်းပြသာနာမရှိပေမဲ့ P'Mewနဲ့တွေ့တဲ့အခါကြမှ
သူကိုယ်တိုင် သေချာလာခဲ့တယ်....
........
လာမယ်တဲ့လား...Nick..

ဟုတ်..သူဌေး..အလုပ်ကိစ္စမို့လာခဲ့မယ်တဲ့...

ဘာပဲဖြစ်ဖြစ် သူလာရင် ပြီးရော...
(သူလာမှပဲ သေချာမေးရမယ်..)

Mew မှာ ကမ်းခြေက ပြန်လာပြီကတည်းက Gulfနဲ့မတွေ့သည်မှာ တစ်ပတ်ရှိနေပြီ တမင်ရှောင်နေတာဖြစ်တဲ့အတွက် လွှတ်ထားလိုက်ပေမဲ့ ဒီထက်ပိုပြီး လွှတ်ထားလိုက်မယ်ဆို..အနေဝေးသွားနိုင်တယ်...
......
Gulf တစ်ယောက်  အိမ်ပြန်ရောက်တော့ Samကို မတွေ့
ခြေပစ်လက်ပစ် ကုတင်ပေါ် အနားယူလိုက်ပြီး...
ဖုန်းကိုကိုင်ကာ P' Sam ဆီ ဆက်လိုက်တယ်...

Hello... P'Sam ဒီနေ့ အိမ်ပြန်လာမှာလာ..

မလာဖြစ်ဘူး..ဖရုံသီးလေး ကိုယ် ဒီနေ့ ဂျူတီ ရှိတယ်...

ညနေစာရော စားပြီးပြီလား..

မစားရသေးဘူး... ဒီနေ့ ကြည့်ရတဲ့ လူနာက များနေလို့..

အဲဆို.. P'အလုပ်ဆက်လုပ်နော်..ကျွန်တော် မနောက်ယှက်တော့ဘူး...

Delusion of Heart(လှည့်စားတတ်သော နှလုးံသား)(COMPLETE)[Zawgyi&Unicode]Where stories live. Discover now