Chapter-7

2.1K 195 3
                                    

ပိတောက်ပန်းတွေလှိုင်လှိုင်ပွင့်ပြီ...။ လေညင်းသွဲ့သွဲ့မှာ ပိတောက်ရနံ့တွေမွှေးလို့....။

ငုဝါတွေကကြံ့ခိုင်ခြင်းကို ကိုယ်စားပြုသတဲ့...။ မိုးရေကို အားမကိုး...ကိုယ့်ခွန်အားနဲ့ကိုယ်... ဖူးပွင့်ကြတယ်...ကံခေတော့ ရနံ့မရှိရှာဘူး....။ ဒါပေမယ့်ကြာရှည်ခံတယ်....။ သူမတူအောင်ကြံ့ခိုင်ခြင်းတွေနဲ့...။ လှလည်းလှတယ်...။

မိုးဆောင်းကပြောတယ်... မောင်ဟာ ပိတောက်နဲ့ ငုဝါတွေရဲ့ ပေါင်းစပ်မှုတစ်ခုတဲ့။ လှလည်းလှတယ်။ ရနံ့လည်းမွှေးတယ်။ ကြံခိုင်ခြင်းတွေလည်းရှိတယ်ပေါ့...။ မောင်ကတော့ တော်ဝင်ပိတောက်ပန်းထက် အညတရငုဝါကို ပိုမြတ်နိုးမိသလို...။

ကံကော်ပန်းတွေဟာလည်းဖွေးဖွေးလှုပ်လို့...။ သူ့ဝတ်ဆံဝါဝါလေးတွေကို နေပူလှန်းပြီး သနပ်ခါးနဲ့ရောသွေးလိမ်းကြတယ်....။ အေးလည်းအေးတယ်...မွှေးလည်းမွှေးတယ်....။ အဆင့်အတန်းမြင့်တဲ့ပန်းတစ်ပွင့်ပေကိုး...။ မိုးဆောင်းလည်း မောင့်ကိုကံကော်ပန်းတွေနဲ့နှိုင်းအုံးမလား....။

ပူပြင်းတဲ့နွေကိုအဆုံးသတ်ဖို့ တစ်ဝက်တပျက် မိုးရိပ်ဆင်ပြီ...။ လေရူးတွေတိုက်ချိန်မှာ သုမုဒ္ဒရာဟာစောင်းကြိုးညှိလေသလား....။ မိုးနတ်သားဟာ အားအင်ခြွေတာနေသလား...။

Mayလ၏နောက်ဆုံးအပတ်နေ့ရက်များ....။

မဲဇာတောင်ခြေစာသင်ခန်းထဲမှာ ကျောင်းသားတွေဟာ နောက်ဆုံးအချိန်အတွက် ငြီးငွေ့နေကြပြီ...။ လေးဆယ့်ငါးမိနစ်ခန့်အချိန်လေးသည် တစ်ကမ္ဘာလောက်ကြာသွားသလို...။ ကျူရှင်ဆင်းခေါင်းလောင်းသံကိုသာ မျှော်ရင်း လည်ပင်းသစ်ကုလားအုတ် ဖြစ်ရောပေါ့...။

ဘေးနားက မိုးဆောင်းတစ်ယောက်ကတော့ စာအုပ်ကို ထောင်ထားပြီး ခုံပေါ်တွင်မှောက်အိပ်နေခဲ့သည်။ အပူအပင်ကင်းစွာ... အေးအေးဆေးဆေး။ မိုးဆောင်းရဲ့ လက်ရှိအခြေအနေကိုဖော်ပြဖို့ရန် အေးအေးဆေးဆေး ဆိုသည့်စကားလုံး ဖြင့်ပင်မလုံလောက်...ရေခဲတမျှအေးသည် ဟုပြောပြရလိမ့်မည်။ တစ်ခါတလေတော့လည်း မောင် သူ့လိုလူတွေကိုအားကျမိသား...။ မောင့်လိုရည်မှန်းချက်ကြီးတဲ့လူတွေဟာ ပိုကြိုးစားရသလို ပိုလည်းပူလှောင်ရတယ်....။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now