T S P(Ch-33)

7.1K 836 24
                                    

{ Unicode }

"ကျိရန် ဘာလို့ကျောင်းမတက်တာလဲ"

"ဘယ်သိမလဲ..ငါကသူ့ကိုလိုက်ကြည့်နေတာမှမဟုတ်ပဲ "

အတန်းဖော်ရဲ့အမေးစကားကိုခပ်ပြတ်ပြတ်ဖြေလိုက်ပေမဲ့ သူကိုယ်တိုင်ကလည်း အဲ့အဖြေကိုသိချင်နေတယ်။ ကျိရန်ဒီနေ့ကျောင်းမတက်ဘူး။မနေ့ကသူ့ကိုတောင်မစောင့်ဘဲ အိမ်ပြန်သွားတယ်။ ဒီနေ့ကျကျောင်းမလာဘူး ။ဖုန်းလှမ်းဆက်ကြည့်တော့ ထုံးစံအတိုင်း မအားရတာနဲ့ စက်ပိတ်ထားရတာနဲ့ ။ဒီကောင်ဘာအချိုးတွေချိုးနေပြန်ပြီလဲမသိပါဘူး။

အတန်းထဲမှာလည်းစာကိုစိတ်မဝင်စား ၊
အဲ့ငတုံးတစ်ယောက် ဘယ်ကိုသွားနေလို့ကျောင်းမတက်တာလဲ ။ဘာလုပ်နေလို့ ငါ့ဖုန်းကိုမကိုင်တာလဲ ၊ မေးခွန်းပေါင်းစုံနဲ့ဆရာသင်တဲ့စာတွေလည်းတစ်လုံးမှမသိလိုက် ၊ အရင်ကရောစာသင်ရင်သိလားဆိုတော့ ကျိရန်ဘေးမှာရှိနေတော့ နည်းနည်းလိုက်လုပ်ဖြစ်တယ်ပေါ့။အခုကတော့လုံးဝကိုနွားသိုးကြိုးပြတ်လိုပဲ ၊ ဘာကိုမှဂရုမစိုက်တာ ၊ သူလုပ်ချင်ရာလုပ်နေတယ်။

တစ်နေ့လုံးပျင်းကပ်ကပ်နဲ့ပဲ ပျင်းရိလျော့ရွဲလို့နေတယ် ။ပျင်းလိုက်တာ ငတုံးရာ..
ဘာမှလုပ်ချင်စိတ်ကိုမရှိဘူး ။

.........

"မင်းအခုသူနဲ့တူတူရှိနေတာပေါ့"

"အင်း..ဘေးမှာအိပ်နေတယ်"

"Wow!! မြန်လှချည်လား"

"တစ်မျိုးတွေးမနေနဲ့ မင်းထင်သလိုမဟုတ်ဘူး"

"အော်..ငါထင်သလိုမဟုတ်သေးဘူးလား"

"အေး"

"ဒါဆိုလည်းမြန်မြန်လုပ်တော့လေ...မင်းတို့ကိုငါတွဲမြင်ချင်နေပြီ"

"ငါကြိုးစားနေတယ် ၊ မင်းအရမ်းစကားများတာပဲ ၊ ဒါပဲဟေ့ကောင်"

ယွီပင်းပြန်ပြောသံကိုတောင်မစောင့်ပဲဖုန်းချပစ်လိုက်ပြီး အခုထိမနိုးသေးတဲ့ ရှောင်းကျန့် ကိုခနငေးကြည့်မိတယ် ။ နေရောင်ခပ်ဖြဖြထွက်လာတော့ ဘေးTentကနေဝန်ထမ်းတွေအလျှိုလျှိုထွက်လာတာမို့ ဝမ်ရိပေါ် လည်းအပြင်ကိုထွက်လိုက်တယ် ။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now