💜 Value💜

130 14 6
                                    

💜💜💜 V.A.L.U.E💜💜💜

အင်းလျားကန်ဘောင်ကြီး ဘေးမှာ ထိုင်နေခဲ့တဲ့ ကျွန်မတို့ သုံးယောက်ဟာ တိုက်ခတ်လာတဲ့ လေပြေလေးရဲ့ အငွေ့အသက်ကို ခံစားကာ တစ်ယောက်နဲ့ တစ်ယောက် ဘာစကားမှ မပြောမိကြ

တစ်နည်းအားဖြင့် ပြောစရာမလိုတော့သည် ဆိုလျှင် ပိုမှန်မည်ဖြစ်သည်။ ဘာကြောင့် လည်းဆိုတော့

အတိတ်ရပ်ဝန်းဆီသို့..........

"စန္ဒာ"

"ဟိုမှာ ကြည့်လိုက်ပါအုန်းဟယ် သူ့ခန္ဓာကိုယ်ကြီးနဲ့ ဝတ်ထားတဲ့ စကတ်ကို လည်းကြည့်ပါအုန်း ငှက်ပျောထုပ်ကြီးကျနေတာဘဲ ဟားဟား

ဟိုကိုလည်းကြည့်ပါအုန်းဟာ လမ်းကလည်း ညစ်ပတ်နေတာဘဲ ပြီးတော့ တိုက်လာ တဲ့ လေတောင် သန့်ပါ့မလားမသိဘူး"

"ဟာ ပျင်းလိုက်တာ ဝတ်ရည်ရယ် စန္ဒာကတော့ အိမ်မှာဘဲ နေချင်တယ် ပြီးတော့ သခင်လို အိမ်ကလူတွေကို ဟိုဟာလုပ်လိုက် ဒီဟာ လုပ်လိုက်ဆိုပြီး အိပ်ယာထဲ မှာဘဲ ထိုင်ခိုင်းနေချင်တာ ခုတော့ ဝတ်ရည်ခေါ်လို့ မအိပ်ရတော့ဘူး"

"စန္ဒာရယ် အမြဲအဲ့လို အိပ်ချင်နေတာဘဲ သိပ်ပျင်းတာဘဲ ဝတ်ရည်ကတော့ ခုလို အမြင်မတော်တာတွေကို လိုက်ကြည့်ပြီး ရီနေချင်တာ ပြောရင်း ဟိုမှာ ကြည့်ပါအုန်း စားပွဲထိုးလေးက ညစ်ပတ်လိုက်တာ သူ့ ပုံကြည့်ရတာ အော်ဂလီတောင်ဆန်တယ်"

"ပိုးသား မလာ‌သေးပါလား"

"ထုံးစံအတိုင်း သူ့ရည်းစားနဲ့ ရန်ဖြစ်ချင်ဖြစ် မဟုတ်ရင် သူ့အိမ်ကို ပြန်အော်နေ တာနေမှာပေါ့ သူလာမှာပါ"

"ဟော ပြောရင်းရောက်လာပြီ"

"ဟက်ကောင်မတွေ ဘယ်ချိန်က ရောက်နေတာလည်း ငါ့မှာလေ အဲ့ မိသာလေးကြောင့် တစ်နေ့တစ်နေ့ ဒေါသထွက်ရတယ်"

"ဟယ် ကိုယ်နဲ့ လက်ထပ်မဲ့သူကို ကြမ်းကြမ်းတမ်းတမ်းတွေ မပြောပါနဲ့ လားဟယ်"

"ငါကတော့ပြောမှာဘဲစန္ဒာရယ် အိမ်မှာလဲ ဆဲဆိုလာခဲ့ရတယ် $သုံးမကျတဲ့ မောင်တွေ ညီမတွေ အချိုးကို မပြေဘူး"

"နင့်မောင်တွေက လိမ်မာပါတယ် ပိုးသားရယ်"

"ဟင် နင်တို့လဲ စားနှင့်နေပြီပေါ့ ငါကိုကျမစောင့်ဘူး မိသာမတွေ"

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

💕💕Value💕💕Where stories live. Discover now