.. ၁၈၈ ..
7.1K 885 34
《Zawgyi》
အပိုင်း - ၁၈၈
[ဒီအရှက်မရှိတဲ့လူနဲ့ တွေ့ရတာနဲ့တင် လုံလောက်နေပြီ - ၂]
ချင်းစုယွဲ့က ဒီဇိုင်းအကြမ်းတွေကို စိတ်ထဲတွင် စွဲမှတ်သွားသည်အထိ ကြည့်ရှုနေပြီး မပြုံးမိပဲမနေနိုင်တော့ပေ။
ချန်းစီနျန်က တကယ်ပဲ အံ့ဩဖို့ကောင်းလေသည်။
*******
ချန်းစီနျန်မှာ သူ့ကုမ္ပဏီက အလုပ်ကိစ္စတွေကို ပြန်စီမံနေရ၍ အလုပ်များကာ သူမရဲ့အလုပ်ကို လိုက်ပို့ချိန် မရှိတော့ပေ။
ချင်းစုယွဲ့က ဒါကို စိတ်ထဲမထားချေ။ သူ့က တော်တော်လေး အလုပ်ရှုပ်နေတာကို ခံစားမိကာ မနက်ပိုင်း အချိန်ပိုယူပြီးအိပ်စေပြီး သူမကတော့ အလုပ်ကိုကားမောင်း၍ သွားလေသည်။
ဒါပေမယ့် ဒီနေ့ အလုပ်ပြန်ဆင်းချိန်မှာတော့ အက်စီးဒန့်တစ်ခုနဲ့ကြုံတော့သည်။ ချင်းစုယွဲ့က မီးပွိုင့်က မီးနီစောင့်နေတုန်း ကားကိုရပ်ထားစဉ်မှာ သူမရဲ့ရှေ့ကကားမှာ ဘာကြောင့်မှန်းမသိပဲ နောက်ပြန်ဆုတ်လိုက်သဖြင့် ကားနှစ်စင်းမှာ အကြီးအကျယ် တိုက်မိတော့လေတာဖြစ်သည်။
ချင်းစုယွဲ့က ကားတွေရဲ့ဘရန်းကို အာရုံမထားခဲ့ပေမယ့် ထိုကားဘမ်ပါပေါ်မှာတော့ အခြစ်ရာကြီး အကြီးကြီးဖြစ်သွားတာကို တွေ့လိုက်ရသည်။
ချင်းစုယွဲ့မှာ ကိုယ့်ကားကို စစ်ဆေးချိန်တောင်မရလိုက် တစ်ဖက်ကလူမှာ ကားထဲကထွက်လာကာ သူမရဲ့ကားပြတင်းကို အကြမ်းပတမ်းလာခေါက်လေ၏။
ချင်းစုယွဲ့က ကားပြတင်းမှန်ကို လျှောချပေးလိုက်တော့ ထိုလူက သူမရဲအင်္ကျီကော်လာကိုဆွဲကာ ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။
"ကားကို ဘယ်လိုမောင်းရမလဲဆိုတာ မသိဘူးလား?! ငါ့ကားကိုခြစ်မိသွားပြီ မင်းဘယ်လောက်လျော်ပေးနိုင်မှာလဲ?!"
ချင်းစုယွဲ့မှာ တစ်ခါမှ ဒီလိုဆက်ဆံပြုမူခံရခြင်းမျိုး မရှိခဲ့သဖြင့် မျက်နှာကတင်းမာသွား၏။
"လွှတ်လိုက်! မဟုတ်ရင် ကျွန်မ ရဲခေါ်လိုက်မှာ!"
သူမရဲ့ မဖော်ရွေတဲ့အမူအယာနဲ့ ခက်ထန်တဲ့အကြည့်ကြောင့် ထိုပုဂ္ဂိုလ်က ဆုပ်ကိုင်ထားတာကို ဖြေလျော့သွားကာ အထက်စီးဆန်စွာ ပြောလာ၏။
"ငါ့ကားက အခုမှ ထုတ်လာတာ ... မီလီယံနဲ့ချီပြီးတန်တယ် မင်းက ကားကိုဒီလိုဝင်တိုက်ပစ်လိုက်တာပဲ ... ငါ့ကို ဘယ်လောက်ထိ လျော်ပေးနိုင်လဲ စဉ်းစားနေတာပိုကောင်းမယ်!"