ဒီနေ့ မနက်ခင်းလေးက တော်တော်ကို သာယာနေသည် ။ တက်ကြွနေတဲ့ Hobim လေးက အိမ်ကနေ ကျောင်းကို ထွက်လာခဲ့သည် ။
ကျောင်းပေါက်ဝမှာ တစုတစုနဲ့ ကျောင်းသူတွေ အများအပြား ။ သေချာပါတယ် သူကြန်ရောက်နေပီ လေ ။
Hobim တံခါးနားသွားကာ လူတွေကြား ထင်းထွက်နေတဲ့ ထိုသူကို လက်ယမ်းကာ နှုတ်ဆက်လိုက်သည် ။
" Lee Haesung
ပုံမှန်ထက် ဖြူစွတ်နေတဲ့ အသားအရည် ၊ တောင့်တင်းပီးကျစ်လစ်နေတဲ့ ခန္ဓာကိုယ် ရယ် ကြည့်ကောင်းလွန်းတဲ့ သူ့မျက်နှာရယ်က ရူးသွားလောက်အောင် ပြု့စားနိုင်သည်။
Hobim ကို မြင်သည်နှင့် ရှုံ့မဲ့သွားတဲ့ မျက်နှာ နဲ့ တဖက်သို့ ပြန်လှည့်သွားသည် ။
" yarr Lee Haesung ငါခေါ်နေတယ်ကွာ မင်းကလဲ
အနားရောက်လာပီး စပ်ဖြီးဖြီးလုပ်နေတဲ့ Hobim ကို သူတကယ်ကြည့်မရ ။ တစက်မှ ကို မပြောင်းလဲသေးဘူး ။
" ဘာလဲ
" မင်း ပြန်ကျောင်းပြန်တက်ပီပေါ့နော်
" မမြင်ဘူးလား
" မင်းကလဲ... ငါမင်းကို အကြာကြီး စောင့်လိုက်ရတာလေကွာ စကားကောင်းကောင်းပြောပေးစမ်းပါ
" စိတ်မပါဘူး ဝေးဝေးနေ
ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတဲ့ သူရဲ့ နောက်ဘက်မှာ အပြုံးလေး တခု ဖြစ်ပေါ်ခဲ့သည် ။
သတိရနေခဲ့တာ အရမ်းပဲ.....
................
" Hoseok ရေ Jung Hoseok......
Hoseokie" ဘာဖြစ်နေတာလဲ Yoonri ရာ ငါ သေးတောင် ကောင်းကောင်းမပေါက်ရဘူး
" စောစောထဆို မထပဲနဲ့ ဒီနေ့ကျောင်းပြန်တက်ရမှာကို နောက်ကျတော့မယ်
" နောက်မကျပါဘူး နင်အပိုပြောပြန်ပီ
" သိရင်ပီးသာပဲ မြန်မြန်လုပ်
မနက်ခင်းလေးကိုတောင် ပွစိပွစိနဲ့ အဘွားကြီးကြောင့် ကောင်းကောင်းမနှုတ်ဆက်ခဲ့ရတဲ့ Hoseokie ။
ကျောင်းတောင် ပြန်တက်ရပီပဲ...
မင်းရော ကျောင်းလမ်းလေးဆီ ပြန်လာနေပြီမလား?
YOU ARE READING
🅜🅐🅟🅛🅔
Fanfictionနွေဦးရောက်တိုင်း သတိရမိတဲ့ မင်းကို ရာသီတခု အပိုင်စားပေးသည်ထိ ချစ်ခဲ့သည် နွဦေးရောက်တိုင်း သတိရမိတဲ့ မင်းကို ရာသီတခု အပိုင်စားပေးသည်ထိ ချစ်ခဲ့သည် 🍁기다리는 시간도 봄이다.... 보내고 그리워하는 시간도 봄이다 🍁