Part 13

3.2K 131 4
                                    

💛💛 နှလုံးသားတစ်စုံအရင်းပြု၍💛💛

💝 Part.13💝

'လွန်း....'

'ဟင်'

'လွန်း.... လှည်းတန်းကို သွားမယ်ဆို မနက်က မသွားလိုက်ရဘူးမလား...'

လွန်း တစ်ယောက်တည်း ဝရန်တာကို ထွက်ကာ ရပ်နေတုန်း အိသဲအသံကြောင့် လန့်ပင်သွားရသည်။

'ဘာတွေကြည့်နေတာလဲ လွန်း.... အိသဲတောင် အိမ်ကို လွမ်းနေပြီ....

လွန်းရော မလွမ်းဘူးလား'

'လွန်းလား ဟင်း...လွမ်းပါတယ် ' လွန်းက သက်ပြင်းတစ်ချက်ချရင်းကနေ လှမ်းပြောသည်။

လွန်းရဲ့ တစ်ယောက်ထဲ ငိုင်‌ငိုင်နေတတ်တဲ့ အကျင့်ဟာ ကျောင်းကတည်းပင် ဖြစ်သည်။

လွန်းက ကျောင်းမှ မာနကြီးတယ်ဆိုပြီး နာမည်ကြီးပေမယ့် တကယ်တန်းက လွန်းက မာနမကြီးတာ သူအသိဆုံးပင်.....

လွန်းက တစ်ခါတစ်လေကျရင် ဘာမှမလုပ်ဘဲ ထိုင်ပြီး ငေးနေတတ်သည်။ တွေးနေတတ်သည်။

ဒါပေမယ့် လွန်းက အရမ်းကြိုးစားသည်။ ကျောင်းမှာဆိုရင်လည်း တစ်ယောက်တည်း သီးသန့် တွေးပြီး ငိုင်နေတတ်တာက လွဲရင် စာမှာလည်း ထူးချွန်သည်။ ယောကျာ်းလေးတွေနဲ့လည်း ကင်းကင်းရှင်းရှင်းနေတတ်သည်။ လူကြီးသူမတွေကိုလည်း ရိုသေသည်။

လွန်းနဲ့ အိသဲက ကိုးတန်းနှစ်ကတည်းက စခင်ခဲ့တဲ့ သူငယ်ချင်းတွေပင် တက္ကသိုလ်တက်မှ လိုင်းကွဲသွားကာ ခုလွန်းက ပါမောက္ခဆရာမ ငယ်ငယ်ချောချောလေးပင် ဖြစ်နေပြီ။ သူကတော့ ဆေးရုံတစ်ခုမှာ သူနာပြုဆရာမ ဝင်လုပ်နေပြီဖြစ်သည်။ ရန်ကုန်ကို သင်တန်းလွှတ်လို့လာရင်းကနေ လွန်းဆီမှာနေဖြစ်သွားတာဖြစ်သည်။ လွန်းနဲ့က အစကတည်းက‌ အတော်ရင်းနှီးတော့ လွန်းအကြောင်းကို သူ အတော်သိထားသည်။ ခုလည်း သင်တန်းတက်ရင်းကနေ ရန်ကုန်က ဆေးရုံကိုဘဲ လျှောက်ပြီး လွန်းနဲ့အတူနေရမလားလို့ တွေးနေတာပင်

' ဘာတွေ တွေးနေပြန်ပြီလည်း လွန်းရယ်... အဲ့လိုကြီး မနေပါနဲ့ဟာ

ငါတို့ အသက်တွေလည်း မငယ်တော့ဘူနော်... နင်ခုထိ မစဉ်းစားသေးဘူးလား'

💕💕 နှလုံးသားတစ်စုံအရင်းပြု၍ 💕💕 (Completed)Where stories live. Discover now