မခေါ်နှင့်ပဲဝင်လာခဲ့သူ

5.1K 110 0
                                    

ခပ်အုပ်အုပ်နဲ့သိုသိုသိပ်သိပ်လေးလှပတဲ့
နွေ တို့မြို့လေးကဇန်နဝါရီရဲ့ဆောင်းတွင်းရဲ့မနက်ခင်းလေးမှာတိတ်ဆိတ်နေလျက်.....

မြို့ကြီးပြကြီးတွေလိုရှုပ်ရှပ်ခက်နေခြင်းမရှိပဲခပ်အေးအေးရာသီဥတုနဲ့အတူမြို့လေးကကလေးငယ်တစ်ယောက်ကွေးအိပ်နေသလို

ပုံမှန်ဆိုသူမတို့မြို့လေးက
၉နာရီ ၁၀ နာရီလောက်မှစတင်လှုပ်ရှားအသက်ဝင်လေ့ရှိသည်

ထို့နောက် နေ့လည် ၂နာရီလောက်ဆိုပြန်ပြီးတိတ်ဆိပ်ငြိမ်သက်သွားတက်သည်

ခပ်အေးအေးခပ်မှောင်မှောင်ရာသီဥတုနှင့်အတူလိုက်ရောညီထွေစွာအမြဲလိုလိုတံခါးပိတ်ထားလေ့ရှိသည်အိမ်တံခါးတွေ ပြတင်းပေါက်တံခါးတွေဟာဒီမြို့လေးရဲ့ထူးခြားချက်.....

ဘာပဲဖြစ်ဖြစ်နွေကတော့သဘောကျတယ်

သူမရဲ့ဇာတိမြို့ရွာတစ်ခုလိုခံစားရတယ်

နွေက အေးစက်ပြီးမှောင်မဲနေတာသဘောကျတယ်လေ
​ပြီးတော့အိပ်ရတာသဘောကျတယ်

ပြီးရင်တံခါးတွေပိတ်ထားတာသဘောကျတယ်လုံခြုံတယ်လို့ခံစားရတယ်

နွေကိုယ်တိုင် duty off တဲ့နေ့တွေဆို နေ့လည်လောက်ထိကို ရှိသမျှအပေါက်မှန်သမျှကိုအမှောင်ချ ပြီးလှိမ့်ပိမ့်ပြီးအိပ်လေ့ရှိသည်

ဒီမြို့လေးက ရန်ကုန်သူစစ်စစ်သူမအတွက် နတ်ဘုရားတွေဖန်ဆင်းပေးထားသလို....

အမှန်စစ်စစ်က နွေက ဒီဇာတိမဟုတ်

ရန်ကုန်မှာမွေးရန်ကုန်မှာကြီးခဲ့တဲ့သူတစ်ယောက်

နွေရဲ့ပုံစံကဒီမြို့ကနယ်ခံလူတွေနဲ့တော့တော်တော်ကိုကွဲပြားသည်

အထူးခြားဆုံးက
သူမရဲ့ခန္ဓာကိုယ်ကထွေထွေထူးထူးပုံစံသွင်းထားခြင်းမရှိပဲအချိုးစားပြေပြစ်လွန်းသည်

တော်တော်များများအမျိုးသားများက သူမရဲ့ခန္ဓာကိုယ်ကို နှစ်ခါပြန်ငေးကြည့်တက်သည်

အသားညိုစိမ့်စိမ့် နှာတံပေါ်ပေါ် အရပ်မြင့်မြင့်ရှိသည့်အပြင်နွေ့ရဲ့ထူထွေးနီရဲနေသောနှုတ်ခမ်းဖျားမှာ sexy ကျကျမှည့်တစ်လုံးလည်းရှိသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now