EPISODE - 1

6.9K 553 293
                                    

UNICODE

နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာနဲ့
အားမရှိစွာ နိုးထလာတဲ့ထယ်ယောင်း။

မျက်လုံးတွေ ပွင့်လာသည်နှင့်
မြင်လိုက်ရတာ မျက်နှာကျက်ဖြူဖြူ။

ဘေးဘီဝဲယာကို ကြည့်မိတော့
ထုံးစံအတိုင်း ဒီအခန်းထဲမှာပဲ
ပိတ်မိနေခဲ့ပြန်သည်...။

လက်ကောက်ဝတ်ကို
အသာရုန်းကြည့်မိပါသော်လည်း
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်
အားအင်ကုန်ခမ်းတာကလွဲ အချည်းနှီး။

သူ့ဘဝက လက်ရှိတွင်
နတ်ဆိုးရဲ့ ရဲတိုက်မဆိုသည့်
တိုက်အကြီးကြီးထဲ ရောက်နေခဲ့တာ။

လူအရိပ်အယောင်တွေ မရှိတဲ့
လမ်းသွားလမ်းလာ ကင်းမဲ့တဲ့
ထိုတောအုပ်ကြီးအတွင်း ပေပေါင်းမနည်း
ကျယ်ဝန်းသည့် ရဲတိုက်လိုထဲမှာ
သူ့ကို ချုပ်နှောင်ထားခဲ့တာ။

အဆက်အသွယ် မရှိ
လူသူမရှိတဲ့ တစ်လုံးထဲသာရှိသော
ထိုရဲတိုက်မှာ ချုပ်နှောင်ထားရတဲ့
အကြောင်းပြချက်က လှပတဲ့
မင်းမျက်နှာကို သူများတွေကြည့်ပြီး
သဘောကျနေမှာ မလိုလားလွန်းလို့တဲ့။

အစောင့်တွေအယောက် 50 လောက်
ပတ်ပတ်လည် ဝိုင်းထားတဲ့
ဒီအိမ်ကြီးကထဲက ထွက်ပြေးဖို့ဆိုတာ
အခက်ခဲဆုံး အလုပ်တစ်ခု။

သို့သော်...
သူထွက်ပြေးခဲ့တယ်။

သို့ပေမဲ့ ထွက်ပြေးခဲ့တိုင်းလည်း
ထိုလူဆီမှာ ပိတ်မိနေဆဲပါပဲ...။

ဒီနေရာက သူ့ပိုင်နက်ဆိုတာ
သူအကြိမ်ကြိမ် မေ့လျော့နေခဲ့တာပဲ။

သူ့စက်ကွင်း သူ့အရိပ်အောက်မှာ
ရှိနေသေးသ၍ စိတ်မချမ်းသာနိုင်ဘူး။

အထူးသဖြင့် သူ့ကိုကြောက်တယ်။
သူ့ရဲ့အချစ်ဆိုတာကြီးကိုလည်း
ကျွန်တော်ကြောက်တယ်။

အဟက် ယုံကြည်စရာ
တစ်စက်ကယ်မျှ မရှိပဲကို...။

ကျွီ...

𝐎𝐛𝐬𝐞𝐬𝐬𝐢𝐨𝐧Where stories live. Discover now