ဆိုးသွမ်းသောကောင်ဆိုးလေး

18 1 0
                                    

အချစ်က ပီကေလိုပဲ
စားတုန်း အရသာရှိဟန်မည်ပေမယ့်
ကြာကြာဝါးလေ အရသာကုန်လေပဲ
အချစ်ဆိုတာလည်းထိုနည်းတူစွာပဲ

အေးချမ်း တည်ငြိမ်စွာ ခြေကိုချိတ်၍
ထိုင်နေရင်းမှာမှ ရိပေါ် ခပ်ယေးယေး
ပြုံးလိုက်ပြီး

"လမ်းခွဲကြရအောင် ဖေးရီ"

"ဘာလို့လဲ အချစ် ဖေးမှာ ဘာပြစ်ချက်
တွေ ရှိနေလို့လဲ"

ရိပေါ်  စိတ်ရှုပ်ဟန်ဖြင့်

"အကြောင်းပြချက်တွေ ပေးရမှာ စိတ်ရှုပ်
ဖိူ့ကောင်းလိုက်တာ"

မျက်နှာ ပျက်၍ ပြောလိုက်တော့

"ကောင်းပြီ ဖေး အချစ်ကို စိတ်ရှုပ်အောင်
မလုပ် ဝံ့ပါဘူး ဖေးက အချစ်ကိုသိပ်
ချစ်တာ"

"အချစ် အချစ် နဲ့ ခေါ်တာ တစ်ခန်းရပ်
သင့်ပြီနော် ဖေးရီ"

"ဖေးရီ သိပါပြီ ကော ၊အလိုက်တသိ
ထွက်သွားပါ့မယ်"

မျက်ရည်များဖြင့် အနားကထွက်သွားသော
ဖေးရီ။

ဖေးရီလို မိန်းကလေးမျိူးကခွာထူတ်ဖို့
သိပ်ကိုလွယ်ကူသည်လေ။

ဖေးရီ ၀မ်းနည်းမှုကိုဂရုမစိုက်။

သူကိုယ်တိုင်ကိုက အချစ်နဲ့ နှောင်ဖွဲ့ခံရမှာ
သိပ်ကိုကြောက်တဲ့လူသား။

အချစ် အချစ်ဆိုတာ ပီကေ လိုပဲ။

အချစ်နဲ့ပတ်သတ်ပြီး တည်မြဲပါလိူ့
သက်သေပြရင်

"Sorry ရိပေါ် မချစ်တက်သေးဘူး"

---------------

"အဲ့တာပြောတာ မချစ်တက်ဘဲ ဘာလို့
ခဏ ခဏ ရည်းစားတွေ ထည်လဲတွဲ
နေတာလဲ ကိုယ်လုပ်နေတာ အနုပညာ
အလုပ် မင်းထိခိုက်မှာ မကြောက်ဘူးလား"

"ကော. . .ခဏလေးလောက် ပါးစပ်ပေါက်
ပိတ်ပေးလိူ့ ရမလား၊ဂိမ်းဆော့ ရတာ
အရှိန်ပျက်တယ်"

ရိပေါ် သူ့ကို စိတ်ပူဟန်ဖြင့်ပြောခြင်းကို
နားလည်ပေးမယ့် ခဏခဏ အက်ကြောင်း
ထပ် အောင် ပြောသောကြောင့်
စိတ်ရှုပ်၍ ပိတ်အော်လိုက်သည်။

"သြော်. . .ကောင်းပါတယ် ရိပေါ် ရယ်
ဒီနေ့ သတင်းစာမှာ မင်းရည်းစားနဲ့ပြတ်
ဆဲကြောင်း ပါလာတာ မကောင်းဘူး
သိရဲ့လား"

ရင်နှင့်မျှ(un+Ż)Where stories live. Discover now