Part 12

6.5K 532 4
                                    

ရှင်းလီပြောတာကိုခုမှပဲသဘောပေါက်တော့တယ်
အစည်းအဝေးပီးလို့ပြန်ထွက်တော့
ရှင်းလီက နင့်ကလေးကိုငါနည်းနည်းကလိလိုက်တယ်တဲ့
တခြားသူတေတောင်သိနေပီကလေးရယ်
ခုထိကိုယ့်စိတ်ကိုယ်မမြင်နိုင်သေးဘူးလား
ကလေးကိုစမ်းသပ်ရမယ်မနက်ဖြန်
company မသွားတော့ဘူး
အလုပ်တေမပီးလည်းကိစ္စမရှိပါဘူး
ကလေးလောက်ဘယ်အရာကမှအရေးမပါဘူး

ကျန့်ကျန့်ရဲ့စိတ်ထဲမှာလည်း
ကိုကိိုနဲ့ရှင်းလီကပဲလိုက်ဖက်တာလို့မနည်းမှတ်ယူနေတယ်
စိတ်ထဲမှာကိုကိုက​ကလေးကိုချစ်တာဆိုတဲ့စကားပဲ​ကြားယောင်နေတာ
ယောက်ျားလေးကမိန်းကလေးတေနဲ့တွဲတာပဲမြင်ဖူးတဲ့ကျန့်ကျန့်အတွက်
ကျန့်ကျန့်အချစ်တွေကCEO အပေါ်မှာအကိုတစ်ယောက်လိုပဲလို့ 100%မှတ်ယူထားတာ

ဒီနေ့ကျန့်ကျန့်Companyရောက်တာနောက်ကျတယ် ညကသိပ်အိပ်မပျော်လို့ မနက်ရောက်မှအိပ်ပျော်သွားတယ်
ရုံးခန်းထဲရောက်တော့အကိုဖန်ရှင်းကရောက်နေပီ ကိုကိုကမရောက်သေးဘူး
ဒီ​အချိန်ဆိုရောက်​သင့်နေပီမလား
တစ်ခုခုများဖြစ်လို့လား
အကိုဖန်ရှင်းကိုမေးကြည့်တော့

"CEOက ဒီနေ့မလာတော့ဘူးတဲ့ကျန့်ကျန့်ရဲ့
သူအရမ်းသဘောကျတဲ့ညီလေးတစ်ယောက်က သူ့သူငယ်ချင်းရှင်းလီနဲ့တွဲစေချင်နေတာမို့လို့ သူ့ညီလေးသဘောအတိုင်း
ဒီနေ့ရှင်းလီကျဲနဲ့သွားdateမို့တဲ့"

အကိုဖန်ရှင်းအဲ့လိုပြောကျန့်ကျန့်စိတ်ထဲဝမ်းနည်းလာတယ်
ညီလေးကြောင့်သွားdateတာတဲ့လား
ကိုကိုကကျန့်ကျန့်စကားကိုအဲ့လောက်ထားထောင်တာလား
ကျန့်ကျန့်ပြောတာကိုကိုသဘောကျမှလေ

ကိုကိုကကျဲနဲ့ရုပ်ရှင်ကြည့်ရင်ကျန့်ကျန့်ကို
ဖက်သလိုဖက်ပေးထားမှာလား

မုန့်စားရင်ရောကျန့်ကျန့်ကိုဂရုစိုက်သလို ကျဲကိုရောဂရုစိုက်ပေးမှာလား
ကိုကို့ကို ကျဲနဲ့တွဲစေချင်ပေမယ့်ဒီအရာတွေကိုတော့မလုပ်စေချင်ဘူး

ကျန့်ကျန့်တစ်ယောက်ပဲကိုကိုဂရုစိုက်တာခံချင်တာ
ကိုကိုရဲ့ညီလေးကသိပ်လောဘကြီးတယ်နော်

အိမ်မှာအလုပ်လုပ်နေတဲ့ ရိပေါ်ကတော့
ဖန်ရှင်းတင်ပြချက်တေကြောင့်
ကျန့်ကျန့်မျက်နှာလေးဘယ်လိုညိုးငယ်နေကြောင်း ဘယ်လိုစိတ်မကောင်းဖြစ်နေကြောင်းတေသိရပီး
company ကိုအပြေးလာချင်ပေမယ့်
ကလေးအချစ်တေကိုအမြန်ဆုံးရဖို့
အိမ်မှာပဲသည်းခံပီးနေနေလိုက်တယ်
ကလေးကတော့ကိုကိုရှင်းလီနဲ့ပျော်နေတယ်လို့ထင်တော့မှာပဲ

My  Bunny (Completed)Where stories live. Discover now