Part (5)

84 10 0
                                    

နောက်နေ့တော့ နေကောင်းကင်တစ်ယောက် ကျောင်းကို ထော့နဲ့နဲ့စတိုင်လ်နဲ့ ရောက်လာသည်။ ဒါတောင် ထွဋ်ခေါင်က သူ့ကားနဲ့ ဝင်ခေါ်လို့ ကျောင်းရောက်တာ။ ဘွားကလည်း ကျောင်းမသွားခိုင်း။ ထွဋ်ခေါင်က အကြို အပို့လုပ်ပေးမည်ဆို၍ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ကျော်ဇေက မနေ့ညနေကတည်းက လင်းလက်ကို မွန်းနဲ့သူ့အကြောင်း သံတော်ဦးတင်ပြီးပြီတဲ့။

¤

ဟုတ်တယ်။ လင်းလက်တစ်ယောက် သိနေတယ်။ ဒါပေမယ့် မနေ့ညက အိမ်ပြန်နောက်ကျလို့ မွန်းနဲ့ စကားသေချာမပြောဖြစ်ခဲ့ခြင်း။ ညက မွန်းကလည်း သူ့ရဲ့စာတမ်းအတွက် အချက်အလက်စုနေတာနဲ့ မနှောင့်ယှက်ချင်တာမို့ မမေးဖြစ်ခဲ့။ ဒီနေ့ညနေကျတော့ မွန်းကလည်း လင်းလက်ကို တစ်ခုခုပြောချင်နေပုံရသည်။ မွန်းက သူတို့ လုံးချင်းတစ်ထပ်တိုက်လေးရဲ့ ဧည့်ခန်းထဲမှာ စာရွက်စာတမ်းတွေအပုံလိုက်နဲ့ စာလုပ်နေသည်မှာ တစ်နေကုန်။ လင်းလက်က အလုပ်က နည်းနည်းလေး စောစောပြန်လာသည်မို့ ညနေသုံးနာရီခွဲလောက် ရောက်လာသည်။ ခဏနား ရေမိုးချိုးပြီးတော့ အကြောင်းရှာနေတဲ့ လင်းလက်က မွန်းရှေ့လာရပ်ပြီး

"ငါတော့ ရေချိုးပြီးပြီ။ နင်ထမင်းစားတော့မလား?"

"ဟဲ့! ခုမှ လေးနာရီကျော်ရုံပဲရှိသေးတယ်။ နင် ဗိုက်ဆာလို့လား?"

"နည်းနည်းစားချင်လို့။ ရှောက်သီးသုပ်နဲ့ ကြာဆံဟင်းခါးပါလာတယ်။ မခါးအောင် ဘူးထဲမှာ ရှောက်သီးကသက်သက်၊ အဆာတွေကသက်သက် ထည့်လာတာ။ ကြာဆံဟင်းခါးလည်း ခုပဲ မီးဖိုပေါ်တင်ခဲ့တာ ခုလောက်ဆို ပူပြီ။ လာစားလိုက်"

လင်းလက်အမြှူဆွယ်ကောင်းလို့ မွန်း ထလိုက်လာသည်။ စကားပြောချင်တာလည်း ပါသည်ပေါ့။ စားဖို့ ခူးခပ်ပြီးတော့ မွန်းက

"လင်း၊ မနေ့ကလေ ငါ့ကားကို ကောင်လေးတစ်ယောက် စက်ဘီးနဲ့ ဝင်တိုက်မိတယ်"

"ဟင်! ဘယ်လိုကြီးလဲဟယ်"

လင်းလက်က လမ်းကြောင်းပေးလိုက်တော့ မွန်းက ဖြစ်ကြောင်းကုန်စင် ရှင်းပြသည်။ လင်းလက်ကလည်း ခပ်တည်တည်ဖြင့်

ဧကရီ သူမWhere stories live. Discover now