💚28💚{Z & U}

541 84 32
                                    

ဒီနေ့ ဗိုက် ၃လပြည့် မို့ ဆေးရုံသွားပြရမဲ့နေ့။ ကိုကို နဲ့ ပထမဦးဆုံး သွားရမှာ ဆိုတော့ ရင်တွေ အရမ်းခုန်နေသည်။ ဗီရိုထဲမှ အင်္ကျီတွေ တစ်ထည်ပြီး တစ်ထည်ဆွဲထုတ် ၊ ၀တ်ကြည့်ပေမယ့် တစ်ထည်မှ အဆင်မပြေ။

ကျိုးချန် - ဟူး!! ၀တ်စရာ အင်္ကျီလည်း မရှိတော့ဘူး။

ရီပေါ် - ကိုကို! ဘာလုပ်..တစ်ခန်းလုံးလည်း ပွနေတာဘဲ။

ကျိုးချန် - ပေါ်ပေါ် ၊ ကိုကို့ ကို အင်္ကျီရွေးပေးပါလား။ ဘယ်ဟာ ၀တ်ဝတ် အဆင်မပြေဘူး ဖြစ်နေတယ်။

ရီပေါ် - ကိုကို က ဘာဝတ်ဝတ် ချောပြီးသားကို။ ကဲ ကျွန်တော် ရွေးပေးမယ်နော်။

ရှပ်အင်္ကျီအဝါရောင်လေးရယ်၊ ဘောင်းဘီပွပွလေး တစ်ထည်ကို ရွေးပေးလိုက်ပြီး

ရီပေါ် - သွားဝတ်ချည် ကိုကို

ကျိုးချန် - အင်း

လက်ထဲက အင်္ကျီကို ဆွဲယူပြီး အ၀တ်လဲခန်းထဲ ၀င်သွားတဲ့ အစ်ကိုဖြစ်သူကို ကြည့်ပြီး ရီပေါ် ခေါင်းခါမိသည်။ အခန်းကလည်း ပွစိတတ်လို့။ ပြီးမှ အိမ်ဖော်ကောင်မလေးတွေ ရှင်းပေးလိမ့်မယ်။

ကုတင်ပေါ်မှာ တတ်ထိုင်ပြီး ကိုကို ပြန်ထွက်လာကို စောင့်ရင်း စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဆွဲကြိုးလေး။ ပြောရမယ်ဆို ကိုကို့ မွေးနေ့လက်ဆောင်အကြိုဖြင့်  ခွမ်းကော ပေးတဲ့ ဆွဲကြိုး။

ရီပေါ် - ဒီဆွဲကြိုးလေးကိုအစကတည်းက တွေ့ရင် ပြီးနေတာကို။ ဟွန့် မင်းအဲ့တုန်းက ဘယ်ပျောက်နေတာလဲ။

ဆွဲကြိုးကို ကိုင်ပြီး ရန်လုပ်နေတဲ့ ရီပေါ် ပါလေ။

ချောက်!!

တံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်တော့ ကိုကို လေ ကျွန်တော် ရွေးပေးထားတဲ့ ၀တ်စုံနဲ့ ကြည့်ကောင်းနေတာ။

ကျိုးချန် - ဘယ်လို လဲ ပေါ်ပေါ်။

ရီပေါ် - ဝါး ကိုကို အရမ်းCute တယ်။ ကြက်ပေါက်လေး ကျနေတာဘဲ။ ခွမ်းကော တာ မြင်ရင် ကိုကို့ ကို အူယားမှာ သေချာတယ်။

ပြောလို့ ပြောတာ မဟုတ်ဘူး။ ကိုကို က တကယ့်ကို ကြက်ပေါက်စလေးနဲ့ တူတယ်။ အထဲက ပဲစေ့လေးလည်း အပြင်ထွက်လာရင် ကိုကို့ နဲ့ တူရင် အရမ်းချစ်ဖို့ ကောင်းမှာ။

နှလုံးသားကစားပွဲ / နှလုံးသားကစားပွဲ {zawgyi & uni} [ Completed ]Where stories live. Discover now