Chapter 35: ဦးလေး၃ ပျောက်နေတယ်

290 57 2
                                    

Zawgyi

ဦးလေး၃ ပျောက်နေတယ်

ဦးလေး၃က အဲ့ဒီနေရာကိုနောက်တစ်ခေါက်ပြန်သွားဖို့ အလျောတလျင်စီစဉ်နေတော့တယ်။သူဟာ အပျက်အစီးဆိုသမျှကိုတွေ့ရှိခဲ့ဘူးတယ်။ပုံမှန်ဆိုရင် သူ့အတွက် အသွားအပြန်ကိစ္စတွေကိုစီစဉ်ရမယ်လေ။နောက်ဆုံးအခေါက်တုန်းကလိုပဲ သူက ပစ္စည်းတွေကိုအလျောတလျင်စီစဉ်ရင်းပစ္စည်းတွေအများကြီးကိုထုပ်ပိုးထားတယ်။တစ်ခါတစ်လေတော့ သူဟာအရမ်းကိုဖြစ်ကတတ်ဆန်လွန်းတယ်။သူတစ်ခါသယ်သွားရင်80%လောက်ကမသုံးဖြစ်တာတွေချည်းပဲ။ကျွန်​တော်လည်းဦး​လေး၃ရဲ့နောက်မှီမလားဆိုပြီး သေတ္တာလေးတစ်လုံးဆွဲပြီးနောက်ကနေပြေးလိုက်သွားတယ်။အကျိုးရလာဒ်ကမမှီလိုက်တော့ဘူးလေ။

"ဂရုစိုက်သွားဦး!!"

ကျွန်တော်အော်လိုက်တော့ သူကလက်ပြပြီး ဓာတ်လှေကားထဲဝင်သွားတော့တယ်။

တစ်ယောက်ထဲဆေးရုံမှာမဟုတ်ပဲ ဆေးရုံနားမှာကျန်ခဲ့မိတဲ့အကျိုးကျေးဇူးကတော့ ဝိတ်တာလေးဆီက​နေ billစာရွက်ရလိုက်တာပဲ။အဲ့ကောင်လေးကကျွန်တော့်ရဲ့ ဖြစ်သွားတဲ့မျက်နှာကိုမြင်တော့သူလေးကကျွန်တော့်ကိုပြုံးပြပြီး

"ဦးလေးတစ်ယောက်အတွက်သူ့တူထက်အရေးကြီးနေတဲ့ကိစ္စကဘညများဖြစ်မလဲဗျာ အရေးတကြီးကိုထွက်သွားတော့တာပဲ မင်းဦးလေးကိုပြန်​ချော့သင့်တယ်"

ကျွန်တော်အဲ့ကလေးကိုဘာမှရှင်းမပြချင်တော့ မရှင်းမဖြစ်ရှင်းရမယ့် billလေးကိုပဲပြုံးပြုံးနဲ့လက်ခံလိုက်ရတယ်။ကြည့်လိုက်တဲ့တစ်ချက် မအံ့သြဘဲကိုမနေနိုင်ဘူး။ 4,000ကျော်(မြန်မာငွေ 9သိန်းနီးပါး) မဟုတ်သေးပါဘူး။ဒီhotelမှာလာနေတာမှာမနေ့ကညကမှလေ။ဦးလေး၃နဲ့ သူနဲ့တစ်ခုခုများရှိနေတာလား။

Billကိုကြည့်ပြီးဇောချွေးတွေတောင်ပျံလာတယ်။ဒီ​လောက်ပိုက်ဆံအများကြီး ဟိုသချိုင်းကထွက်လာပြီးကတည်းကတစ်ခုမှမသုံးဖူးသေးဘူး။တော်သေးတာ ဦးလေး၃သူရဲ့ပိုက်ဆံအိတ်ကျန်နေခဲ့ဘို့ မဟုတ်ရင်မလွယ်ဘူး။ပိုက်ဆံတွေများ ထွက်သွားတာရေအတိုင်းပဲ။ဝင်လာတော့အဲ့လိုမဟုတ်ပါဘူး။မီးလောင်သွာတဲ့ရွာကိုကူညီဖို့​ငွေနည်းနည်း သုံးလိုက်ရသေးတယ်။ငွေသားပိုက်ဆံကသူ့ရောကျွန်တော့်မှာပါမရှိလုနီးပါးပဲ။ဦးလေး၃ ကအပြင်ထွက်ရင်ဘယ်တော့မှ card ကိုမသုံးတာအခုအချိန်ကျွန်တော်ကံမ​ကောင်းတာ သူက ငွေသားပဲသယ်နေကျ။သူပြောတာက card သုံးရတာ လူကြီးဆန်လို့တဲ့။သူကကျွန်​တော့်ဆီက​နေပြီးလွန်ခဲ့တဲ့ရက်​တွေတုန်းက ယူသုံးထားသေးတယ်။သူ့လုပ်ငန်းမှာအဆင်​ပြေရင်ပြန်​ပေးမယ်တဲ့​လေ။အခုလည်း​ကျရော ချက်ချင်းထွက်ပြေးသွားတာပဲ။ကျွန်​တော်​တောင်ဦး​လေးနဲ့ထပ်ကျပ်မကွာထွက်​ပြေးချင်​တွေကို​ပေါက်သွားတာ။

盗墓笔记 (Daomu biji) Volume 1,2,3Where stories live. Discover now