အပိုင္း(၂၀)(Unicode)
4.9K 419 4
"မောင် ကျွန်တော်ဒီအင်္ကျီနဲ့လိုက်လား"
မောင်ကတော့ အကုန်ပြင်ဆင်ပြီးနေပြီ။ပြင်ဆင်ပြီးဆို သူက အပြာရောင်ပုဆိုးကွက်စိပ်လေးနှင့် အပြာနုရောင်ရှပ်အင်္ကျီလက်ရှည်ကိုသာဝတ်ထားသည်။ဘာမျှထွေထူးပြီးဆင်နေစရာမလိုပေ။
မုံရွာမှာအဆင်သင့်ရွေးပေးထားသောအင်္ကျီကိုဝတ်ရသည်မို့ ယခုလိုအပြင်သွားမယ်ဆိုတော့ ဘာဝတ်ရမှန်း လွှမ်းစေသူမရွေးတတ်တော့ပေ။သင်္ကြန်လည်တာမို့ စတိုင်ပင်ဘောင်းဘီကိုလည်းမဝတ်ချင်ပေ။ထို့ကြောင့်ဂျင်းဘောင်းဘီကိုဝတ်ပြီး အင်္ကျီကို​တော့ရွေးရခက်နေသည်။မောင့်ကိုလည်း ပြင်ထားနှင့်စေချင်သည်မို့ မောင့်ကိုလည်း မရွေးခိုင်းတော့ပေ။
"အဲလေး ဒီအင်္ကျီကိုမဝတ်နဲ့ မကောင်းဘူး"
အင်္ကျီလည်ပင်းက ရင်ညွန့်နားထိရောက်နေသည်မို့ အေးချမ်းမောင်လည်း ပြန်ချွတ်ခိုင်းလိုက်သည်။
"ဘာလို့လဲ ကောင်းတယ်မဟုတ်ဘူးလား"
"ကောင်းတယ်ထင်ရင် ဘာလို့လာမေးနေသေးလဲ"
မေးတုန်းကမေးပြီး မကောင်းဘူးပြောပြန်တော့လည်း စောဒကတက်နေသော အဲလေးကို အေးချမ်းမောင်လည်း ရှုတည်တည်နှင့်ကြည့်လိုက်သည်။
"မောင်ကလည်း ဘာလို့မကောင်းတာလဲမေးတာလေ ဘာလို့လဲလို့ ဟင် မောင်"
မောင့်ဆီက အကြည့်စိမ်းစိမ်းကြီးရလိုက်၍ လွှမ်းစေသူလည်း မျက်နှာငယ်လေးနှင့် ထပ်မေးနေပြန်သည်။
"အင်္ကျီလည်ပင်းဟိုက်နေလို့"
အေးချမ်းမောင်လည်း ခပ်ပြတ်ပြတ်ပင် အဲလေးရဲ့ အင်္ကျီလည်ပင်းကိုသာ မေးငေါ့ပြလိုက်သည်။
"အာ..ကျွန်တော်သိပြီ မောင်က ကျွန်တော့်ကို သဝန်တိုနေတာမို့လား။ဟင် လူကြီးဖြစ်ပြီးမလိမ်ရဘူးနော် မှန်မှန်ဖြေနော် "
အဲလေးဆိုသည်မှာ ဘယ်လိုကုသိုလ်ကံနှင့်မွေးဖွားလာသည်မသိ။သူ့ကို စိတ်ဆိုးမယ်လုပ်ရင် ဘယ်တော့မှကြာကြာမခံပေ။အေးချမ်းမောင်သာ အရည်ပျော်ပျော်သွားရသည်။ယခုလည်း ဆူမယ်ကြံခါရှိသေး မျက်နှာပြောင်တိုက်ကာ စ နေသော အဲလေးကို ကြည့်ပြီး မပြုံးမိအောင် အတော်ကိုကြိုးစားထားရသည်။