အခန်း ၃၅ (Chapter 35)

16.1K 1.8K 364
                                    

(Unicode Version)


နဖူးပြင်ပေါ်က အထိအတွေ့တစ်ခုကြောင့် နိုးလာချိန်မှာ ပထမဆုံးမြင်လိုက်ရသူက ငသစ်ကိုသာ ဖြစ်လေသည်။

"နိုးလာပြီလား...အမူးသမားလေး!?"

ငသစ်ရဲ့စကားကြောင့် မနေ့ညက ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်မိသည်။ ဗိုက်ဆာလို့ ‌အအေးယူလာပြီး သောက်လိုက်မိရာက ဘာတွေဆက်ဖြစ်သွားမှန်း သေချာမသိရတော့ပေ။ ငသစ်နဲ့ စကားတွေပြောဖြစ်ခဲ့တာကို သိပေမယ့် ဘာတွေပြောခဲ့မိမှန်း မမှတ်မိသလို ဖြစ်နေခဲ့သည်။ ခေါင်းထဲမှာလည်း မူးနောက်နောက်နဲ့မို့ လန်းဆန်းသွားအောင် ရေသွားချိုးဖို့ ထလိုက်ချိန်တွင် တစ်ကိုယ်လုံးမှာ အောက်ခံဘောင်းဘီ တစ်ထည်တည်း ကျန်ရှိနေတာကို သတိထားမိလိုက်သည်။ ငသစ်ကို လှမ်းကြည့်တော့လည်း ကျွန်တော့်လိုပဲ ဖြစ်နေခဲ့ပြန်သည်။

"ငါ မနေ့ညက ဘာဖြစ်သွားတာလဲ!?"

"ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာကို မမှတ်မိဘူးလား!?"

"အင်း..."

ထိုအချိန်မှာပင် ငသစ်က မျက်နှာကို စောင်နဲ့ အုပ်ပြီး ငိုလေတော့သည်။

"ဒယ်ဒီက လုံးဝမကောင်းဘူး။ ကျွန်တော့်ရဲ့ဘဝကို ဖျက်ဆီးပစ်ပြီး မမှတ်မိတော့ဘူးလို့ လိမ်နေတယ်။"

ငသစ်ရဲ့စကားကြောင့် ကျွန်တော် ကြက်သီးတွေပင် ထ,လာမိလေသည်။

"မင်း ဘာတွေပြောနေတာလဲ!? ငါ...ငါ ညက ဘာလုပ်ခဲ့မိလို့လဲ!?"

"ကျွန်တော့်မှာ ရည်းစားတွေ အများကြီးရှိခဲ့ပေမယ့် လက်ကိုင်ရုံကလွဲပြီး ဘာမှမဖြစ်ခဲ့ဖူးဘူး။ အဲ့လောက်ထိဖြူစင်တဲ့ ကျွန်တော့်ဘဝက အခုတော့ ဒယ်ဒီ့ကြောင့် အမည်းစက်ဖြစ်သွားရပြီ။ ကျွန်တော် အရမ်းရှက်တာပဲ။"

ဘာတွေ ဖြစ်ကုန်တာလဲ!? ဒီအခြေအနေကြီးက ရုပ်ရှင်တွေထဲမှာဆို ပန်းအိုးတွေလဲကျပြီး လေပြင်းတွေတိုက်တဲ့ ဇာတ်ကွက်ကြီးနဲ့ ဘာလို့ လာတူနေရတာလဲ!?

"ငသစ်...သေချာရှင်းအောင် ပြောစမ်းပါ။ ငါတို့ ဘာဖြစ်ခဲ့ကြတာလဲ!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now