Invisible love S2..💛💛

336 46 5
                                    

Sana ရဲ့ တောင်းဆိုမှူကြောင့် Tzuyu က Sana နဲတူတူအိပ်ရန် လက်ခံလိုက်တော့သည်........

Tzuyu က ခေါင်းအုံးတွေပိုက်ပြီး Sana ရှိနေသောသူ့အခန်းထဲသို့ဝင်လာသည်......

Tzuyu က ညအိပ် ဝတ်စုံလေးနဲ့ ဆံပင်ပါချထားသောကြောင့်
အလွန်ချစ်စရာကောင်းနေသည်..........

Sana ကလဲ Tzuyu ကိုငေးကြည့်နေမိသည်.......

Tzuyu က ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး.......

"Ya..!မအိပ်သေးဘူးလား..?"

Tzuyu ကိုကြည့်နေသော sana ရဲ့အကြည့်များကို
ဖျက်စီးလိုက်ပြီး...

"အမ်..! ဟင်..!အိပ်မယ်..."

Tzuyu မှာ ကုတင်ပေါ်တွင်လှဲချလိုက်ပြီး
Sana ကို ကျောပေးပြီး အိပ်နေသည်.....

"ကောင်းကောင်းအိပ်.နော်..!မနက်ဖြန်ကျရင် ရုံးလိုက်ရမယ်.."

Sana ကလဲ..

"ရုံး....."

"အင်း..!နင့်မိဘတွေကိုရှာဖို့လေ..."

"အာ..!သိပြီး.....!"

"အဲ့တာဆိုရင် အိပ်တော့.."

"Nea...!နင်လဲ ကောင်းကောင်းအိပ်..!"

Sana လဲ ကုတင်ပေါ်တွင် စောင်ခြုံကာ အိပ်ချလိုက်သည်....
Tzuyu နဲ့ Sana က တစ်ယောက်ကိုတစ်ယောက် ကျောပေးကာ အိပ်နေကြသည်.........

ထို့နောက်.....
ည 1နာရီ........

"ဖြက်......"

မီးများ ပြတ်သွားသည်........

Tzuyu က သတိနဲ့ အိပ်တတ်သူမို့

မီးပျက်၍ နိုးသွားသည်.......

"ဟင်.မီးပျက်သွားပြီးလား..?ဘယ်လိုဖြစ်တာလဲ.."

ထို့နောက် Tzuyu က ထကာ..
ဖုန်းရဲ့ flash မီးနဲ့......ဖယောင်းတိုင်သွားယူကာ....
ကုတင်ဘေးစပွဲခုံမှာ မီးညှိလိုက်သည်.........

ထို့နောက် မိုးခြိမ်းပြီး လျှပ်စီးများလပ် ကာ....
မိုးကလဲ သဲကြီးမဲကြီးရွာ တော့သည်......

"အာ..!ဒါ ကြောင့် မီးပျက်သွားတာကို..."

Tzuyu ကလဲ ပြန်အိပ်ဖို့ ပြင်ဆင်လိုက်သည်.......

ထိုအခါ...စောင်ကိုခေါင်းမီးခြုံ ထားသော.Sana အားတွေ့လိုက်ရသည်.........
Tzuyu ကလဲ Sana အဖျားပြန်တတ်နေတယ် ထင်ပြီး.....
Sana အနားသို့ အိပ်လျှက်ပင် တွားသွားလိုက်သည်....

𝕀ℕ𝕍𝕀𝕊𝕀𝔹𝕃𝔼  𝕃𝕆𝕍𝔼Where stories live. Discover now