Chapter (4)What life is. ...

846 49 10
                                    


Zawgyi

နောက်မနက်တစ်ခု မှာ
bai luo yinနဲ့ သူ့ အမေက
ကမ်းခြေက
စား​သေါက်ဆိုင်ဆီရောက်လာကြတယ်

Bai luo yinက
မနက်စာခေါက်ဆွဲ တစ်ပန်းကန်ကို
ကောင်းကောင်းမစားဘူး
သူ က ကျောက်ဆောင်ဆီ သွား ဖို့ပဲ
စိတ်စောနေတယ်

သူ့ မှာ ဘောလုံးတစ်လုံးကို လဲ
အိမ်က ယူလာသေးတယ်

ပြီးတော့ အဲဒါကို လက်ထဲက ကို
မချတော့ ဘူး

သူ့ အတွေး ထဲ မှာ
ကစားနည်းပေါင်းစုံ စိတ်ကူး
ယဉ်နေမိတယ်

jiang yuanက တော်တော်ကြီး
စိတ်ရှည်ရှည်ထားကာ
ခေါက်ဆွဲ ကို ခွံ ကျွေးနေရတယ်

(သားလေး က လိမ်မာတယ်
ဒါလေးတော့ကုန်အောင်စားသွားနော်
မေမေ့ကို ချစ်တယ်မလား
စား လိုက်ပါ )

Bai luo yinက မစား ချင်စား ချင်နဲ့
မျို ချနေရတယ်
ပန်းကန်ထဲမှာခေါက်ဆွဲတွေက လဲ
ကုန်တယ် ကိုမရှိဘူး
သူ အမြန်ကုန် ဖို့ မိုးနတ်မင်းကြီးဆီ မှာ
လိုက်လိုက်လှဲလှဲဆု​တောင်းမိသေးတယ်

(မေမေ သားသွား ချင် ပြီ
သွား ချင်ပြီ လို့)

နောက်ဆုံးတော့
jiang yuan က လက်မိုင်
ချလိုက်ရတယ်

သူမ က သတိပေးတယ်

(ပြန်လာရင်တော့
များများစားရမယ်နော် သား)

Bai luo yinက

(ဟုတ် ကဲ့)

ဆိုပြီးအကျယ် ကြီးအော်ဟစ်ကာ
သောင်ပြင်ဆီကို
ပြေးဆင်းသွားတော့တယ်

ကျောက်ဆောင်လေးရောက်တော့
သူ့ သူငယ် ချင်းက မရောက်သေး

ဘောလုံးလေးပိုက်ပြီး
သူ ကျောင်ဆောင်ပေါ်တက်လိုက်တယ်

သူ ထိုင် လို့ ကောင်းမယ့်
နေရာလေးရွေးကာ ထိုင်မိတယ်

နာမည်လေးတောင်းမမေး လိုက်ရတဲ့
သူငယ် ချင်း လာရာ လမ်းကို
မှန်းမျှော်နေမိတယ်

သူ့မျက်စိရှေ့က လိုင်းလုံးတွေက
နီးလာ လိုက်ဝေးသွား လိုက်နဲ့
ပျော်ရွှင်နေသယောင်ပဲ

ဝေဟင်ထဲ မှာ ပျံသန်းနေတဲ့
ငှက်ကလေးတွေကလဲ
စိန်ပြေးတမ်းကစားနေသလိုပဲ
ဟိုးအဝေးမှာ
သူတို့အရွယ် ကောင်းလေးတစ်စု
ဘော လုံးကန်နေတာ မြင်ရတယ်

Addicted (new imagination book 1)Where stories live. Discover now