.. ၁၉၀ ..
7.2K 820 19
《Zawgyi》
အပိုင်း - ၁၉၀
[ဘာလို့ အလှပဂေးတွေအများကြီးကို ရန်သွားစရတာလဲ - ၁]
"စကားမစပ် စောနက ဟိုလူကိုပြောလိုက်တာ ဘာအဓိပ္ပါယ်လဲဟင်?"
ချန်းစီနျန် စိတ်ပူဒေါသထွက်နေသလို မဟုတ်ပဲ ချင်းစုယွဲ့ကတော့ လိုင်အမျိုးသားကြောင့်ရော ကားတိုက်မှုကြောင့်ရော အနှောင့်အယှက်ဖြစ်နေပုံမရပေ။
ချန်းစီနျန်က တိတ်သွားကာ အမူအယာမဲ့နေတာကို သတိပြုမိသွားသဖြင့် ချင်းစုယွဲ့ကမေးမိ၏။
"ရှင်ဒေါသဖြစ်နေတာလား?"
"မင်းရော ဒေါသမဖြစ်ဘူးလား?"
"ဖြစ်ခဲ့ပါတယ် ... ဒါပေမယ့် အခုတော့ဒေါသမဖြစ်မိတော့ဘူး ... ရှင်ရောက်လာပြီး သူခံလိုက်ရတာ တွေ့တော့ သူ့လိုလူမျိုးက ကျွန်မဒေါသထွက်ဖို့မတန်ဘူးဆိုတာ သဘောပေါက်မိသွားတာ"
ချင်းစုယွဲ့က ဝန်ခံပါ၏။
ချန်းစီနျန်ရဲ့ပုံစံက တင်းမာနေဆဲပင်ဖြစ်သဖြင့် ချင်းစုယွဲ့က ထပ်ပေါင်းပြောကြားလိုက်သည်။
"ကျွန်မအတွက်တော့ သူကဘာမှမဟုတ်ပါဘူး ... ကျွန်မရဲ့ကမ္ဘာမှာ အဲဒီလူက သာမန်ဖြတ်သွားဖြတ်လာလူတစ်ဦးထက် မပိုဘူး ... အဲ့လူကို တွေ့ချင်မှတွေ့ရတော့မှာမလား? အကယ်၍ တွေ့ခဲ့ရင်တောင် ကျွန်မက မှတ်မိမှာမဟုတ်လောက်တော့ဘူး ... အဲ့ဒါကြောင့် သူ့လိုလေးစားမှုမရှိတဲ့သူမျိုးက ဒေါသဖြစ်နေဖို့မတန်ပါဘူး"
ရုတ်တရက် ချန်းစီနျန်ကပြုံးလာသည်။
"ကိုယ့်မိန်းမက ဒီလိုသဘောထားကြီးတဲ့သူမှန်း မသိခဲ့မိဘူး"
"ကျွန်မက သဘောထားကြီးတာ မဟုတ်ပါဘူး ...  အရေးမပါတဲ့လူတစ်ယောက်ကြောင့် မခံစားသင့်ဘူးလို့ထင်လို့ပါ .... စဉ်းစားကြည့်လေ သူကရှင့်ကို စိတ်ဆိုးအောင်လုပ်လိုက်တော့ ကျွန်မကစိုးရိမ်သွားတယ် ... မတန်ဘူး .. ဘယ်သူကပိုအရေးကြီးတာလဲ အဲဒီလူလား ကျွန်မလား?"
ချင်းစုယွဲ့ပြောတာနားထောင်ပြီး ချန်းစီနျန်က နားလည်သွား၏။ သူမကို သေချာမကာကွယ်ပေးနိုင်ခဲ့မိလို့ သူ့ကိုယ်သူစိတ်ဆိုးနေခဲ့ချိန်မှာ သူမကလည်း ချန်းစီနျန်ရဲ့ခံစားချက်တွေကြောင့် နာကျင်ရမည်သာပင်။ တကယ် သွယ်ဝိုက်ပက်သတ်နေတာက သူမ မဟုတ်ပဲ အခြားတစ်ယောက်ကြောင့် ဖြစ်နေ၏။