part - 1

8.6K 271 4
                                    

မဟူရာ

( အပိုင်း - ၁ )

တိတ်ဆိတ်၍ မှောင်မိုက်သော ညချမ်းတွင် ကလေးငိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။

"အူဝဲ...အူဝဲ "

သစ်ပင် ၊ သစ်ခက် ၊ ခြုံနွယ်ပိတ်ပေါင်းတွေနှင့် ဝိုင်းရံထားသော  ခြံကျယ်ကြီးထဲတွင် ရှေးကျသော နှစ်ထပ်တိုက်အိမ်ကြီးက ထီးထီးကြီး ရှိနေသည် ။ ထိုအိမ်ကြီးထဲရှိ အခန်းတစ်ခု၏ ကုတင်ပေါ်၌ နွမ်းလျစွာ လဲလျောင်းနေသော အမျိုးသမီးငယ်တစ်ဦးရှိ၏ ။ သူ့အနီးတွင် မွေးကင်းစ ကလေးငယ်ကို ပွေ့ချီထားသော အသက်ကြီးကြီး အမျိသမီးတစ်ဦးလည်း ရှိနေခဲ့၏ ။

"ဘာလေးလဲ ဒေါ်ကျင် "

သစ္စာသည် ကလေးကို ခက်ခဲစွာ မီးဖွားပြီးနောက် နာကျင်ပင်ပန်းနေသည်ကို အမှုမထားနိုင် ။ ဝမ်းဆွဲသည် ဒေါ်ကျင်ကို အလောတကြီးဖြင့် မေးမိသည် ။

"မိန်းကလေး "

ဒေါ်ကျင်၏ စကားအဆုံး  သစ္စာ အံ့သြထိတ်လန့်သွားရ၏ ။ ထိုစဉ် တံခါးဖွင့်၍ အခန်းထဲ ဝင်လာသူက ခင်ပွန်းဖြစ်သူ ကိုမြင့်မောင် ။ 

"ယောကျာ်းလေး မဟုတ်လား သစ္စာ "

မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်သံက လှိုက်လှိုက်လှဲလှဲ ။ ထို့ကြောင့်ပင် သစ္စာ၏ မျက်နှာက ကွက်ခနဲ ပျက်သွားရ၏ ။ သစ္စာသည် မျက်နှာမသာမယာနှင့် ခေါင်းကို ခါယမ်းလိုက်မိ၏ ။ ထို့နောက် စိုးရိမ်တုန်လှုပ်နေသော လေသံဖြင့်....။

"သစ္စာတို့ ဘယ်လိုလုပ်ကြမလဲ ကို ။ သမီး...သမီးလေးကို သစ္စာ  အဆုံးအရှုံး မခံနိုင်ဘူး ကို "

ကိုမြင့်မောင်က စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းရှိုက်မိသည် ။ ထို့နောက် ဒေါ်ကျင့်လက်ထဲက သမီးငယ်ကို လွှဲယူ၍ ပိုက်ချီလိုက်သည် ။ သမီးလေးက ငိုနေရာမှ တိတ်သွားပြီး မျက်ဝန်းလေး မှေးစင်းသွား၏ ။ ဖြူဖြူဖွေးဖွေး နှင့် ချစ်စရာကောင်းသည့် ကလေးက ကိုယ့်သွေးသားမို့ သူလည်းပဲ လက်မလွှတ်နိုင် ။ ထို့နောက် ဇနီးဖြစ်သူ၏ လက်ထဲ ထည့်ပေးလိုက်၏ ။ ဒေါ်ကျင်က အလိုက်သိစွာဖြင့် အခန်းထဲမှ တိတ်တဆိတ် ထွက်သွားသည် ။

မဟူရာ ( Completed )Where stories live. Discover now