1

98 8 0
                                    


Unicode.

" မရဘူး... Son Dongpyo မရဘူး "

Eunsangလက်ကာရင်းငြင်းဆန်သည်။ Dongpyo ကတော့နှုတ်ခမ်းစူရင်းမျက်နှာရှုံ့မဲ့နေသည်။

" လုပ်ပါကွာ တစ်ခါလေးထဲ လိုက်ခဲ့ပေးပါကွ မင်းကလဲ "

Eunsang စိတ်ရှုပ်စွာခေါင်းကုတ်မိသည်။နေပါဦး။ Son Dongpyo ဘာရောဂါတွေထနေတာလဲ။ ရုတ်တရတ်ကြီးဘာကြောင့်
Shingiru ကိုသွားချင်နေရတာလဲ။ Shingiru ဆိုတာက Eunsang တို့ကျောင်းရဲ့မဝေးလှသည့်နေရာတွင်ရှိသော Cafe ဖြစ်ငည်။ ကျောင်းသားကျောင်းသူအများစုသွားတတ်သည့်နေရာဖြစ်သော်လည်း Eunsang တို့သူငယ်ချင်းတစ်စုအတွက်တော့ စိတ်ဝင်စားစရာကောင်းသည့်နေရာမဟုတ်ခဲ့။ သူတို့ကထိုနေရာမျိုးတွေကိုသဘောမကျတတ်ကြတာမို့။

ဒါပေမယ့်အခုဘာကများ Dongpyo ကိုဆွဲဆောင်လိုက်လို့ Dongpyoကဒီလိုဖြစ်နေရတာလဲ။

" မင်းမသိချင်ဘူးလား Eunsang....
Hiro high ကကောင်လေးတွေလာတာတစ်ပတ်လောက်ရှိပြီတဲ့ အဲ့ထဲကတစ်ယောက်ကတော်တော်ချောတာတဲ့ကွာ သူ့ကိုလာကြူသမျှကိုအဲ့နေရာမှာတင်ငြင်းပစ်တာတဲ့ ဟေ့ရောင်ရာ..."

Eunsang မျက်မှောင်ကြုံ့လိုက်သည်။ Dongpyo ဘာကြောင့်ဒီလိုဖြစ်နေသလဲထင်နေတာ သူကသူများတွေအငြင်းခံရသည်ကိုသွားရောက်စပ်စုလိုတာကြောင့်ဖြစ်နေသည်။

" မင်းကတော်တော်မကောင်းတဲ့ကောင်ပဲ သူများအငြင်းခံရတာကိုဘာကိစ္စသိချင်ရတာလဲ... အဲ့မှာမဟုတ်လဲ Junhoရော ငါရော မင်းမျက်စိရှေ့မှာတင် ငြင်းနေကြတာပဲလေ "

Dongpyo ကသူ့နှုတ်ခမ်းတွေကိုအသံမြည်အောင်ပြုရင်း စိတ်မရှည်စွာဖြင့် Eunsang လက်မောင်းကိုရိုက်လိုက်သည်။

" မင်းတို့နဲ့တူမလားကွ မင်းတို့ကယဥ်ယဥ်ကျေးကျေးငြင်းတာလေ အဲ့ကောင်ကသူများကိုနှစ်ပြားမတန်အောင်ပြောပြီးမှ ငြင်းချတာကွ "

Dongpyo စကားက Eunsangကိုမျက်မှောင်ကြုံ့စေသည်။ ထို့နောက်စိတ်ထဲတွင်လည်းစနှိုးစနှောင့်ဖြစ်သွားရသည်။ ဘယ်လိုတောင်မကောင်းတဲ့ကောင်လဲ။

" အဲ့ဒါကိုမင်းကသွားကြည့်ချင်တယ်???"

Eunsang ထိုသို့မေးတော့ Dongpyo မသိမသာကြိတ်ပြုံးလိုက်သည်။
ထို့နောက်မျက်ခုံးတွေပင့်ရင်း

My Little Big Baby 🥺_minisang_Where stories live. Discover now