Unicode" ရုတ်တရတ်ကြီး ဘာကိုအားကစားရုံလဲ နောက်တစ်ခေါက်ဘောလုံးထပ်အမှန်ခံဖို့လား "
Dongpyo က ဖုန်းထဲကထိုသို့ပြောသည်။
Eunsang သူပြောမှပဲသူ့မျက်နှာသူပြန်စမ်းမိသည်။ အခုထိစပ်ဖြင်းဖြင်းဖြစ်နေတုန်း။ ဒါပေမယ့်သူဘာကြောင့်သွားချင်နေသလဲ သူကိုယ်တိုင်တွေးမရ။" မင်းမလိုက်လဲနေကွာ... junho ကိုပဲခေါ်လိုက်တော့မယ် "
Dongpyo ကရယ်သည်။
" အေးကွာ sorry ငါလည်းဒီမှာအမျိုးတွေရောက်နေလို့ထွက်ခဲ့ဖို့အဆင်ပြေဘူးဖြစ်နေလို့ "
Eunsang နားလည်ပါသည်။ မဟုတ်တောင်ဖုန်းထဲကနေတစ်ဖက်က ကလေးတွေအော်ဟစ်ပြေးလွှားနေသံကိုအတိုင်းသားကြားနေရသည်။ Dongpyo သက်ပြင်းချသံတွေ အနင်းခံရလို့အော်လိုက်သံတွေကလည်း ဖုန်းပြောနေရင်းနှင့်ကိုဘယ်နှကြိမ်လဲသူမမှတ်မိတော့။
Dongpyo နဲ့ဖုန်းချလိုက်ပြီးနောက် သူ Junhoဆီဖုန်းဆက်ရန်ပြင်လိုက်သည်။
Junho ကအားပါ့မလား။ အားရင်ရော လိုက်ပါ့မလား။" အေး... Junho အားလား ငါ..ဟိုသွားမလို့လိုက်ဦးမလား "
" ဘယ်ကိုလဲ နေ့လယ်ကြီး "
" အားကစားရုံလေ..."
" ဟင် သွားမလို့လား..."
Eunsang ခေါင်းကိုဖွဖွကုပ်လိုက်သည်။ ခုံကိုလက်နှင့်တောက်ရင်း။
" အေး..."
Junho ထံမှစကားသံတွေတိတ်သွားသည်။ တအောင့်လောက်ကြာကာမှ
" အေး ငါလာခဲ့မယ် "
Eunsang ပျော်သွားကာရယ်လိုက်သည်။
" ကျေးဇူးပဲကွာ...."
" အချင်းချင်းကိုပြောမနေနဲ့ "
Eunsang ဖုန်းပြန်ချလိုက်ပြီး ခပ်ဖွဖွပြုံးလိုက်သည်။ ဟုတ်တာပေါ့... သူငယ်ချင်းအချင်းချင်းတွေပဲ ဘာပြောစရာလိုမှာလဲ။
သူနဲ့ Junho က သူငယ်ချင်းတွေလေ။**
အားကစားရုံရောက်တော့ Eunsang မျက်လုံးတွေလှုပ်ရှားကစားသွားသည်။ သူမြင်နေရတာကဟုတ်ပါတယ်နော်။