Tarzan

132 14 0
                                    

[UNICODE]

''မေမေရေ .....သားသွားပီ ''

''အေး....အေး သားလေး၊ ကားကိုဂရုစိုက်မောင်းနော်"

''ဟုတ် မေမေ .....။
မေမေလည်း ကျန်းမာရေး ဂရုစိုက်နော် သား သွားပြီ"

ကျွန်တော် မေမေ့ကို နှုတ်ဆက်ပီး ဆိုးလ် ကိုထွက်လာခဲ့တယ် မေမေက နယ်မြို့လေးမှာနေတာဆိုတော့ ကျွန်တော် မေမေ့ဆီ မကြာခနလာဖြစ်တယ်လေ။

ကျွန်တော် ကတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဆိုးလ် မှာပဲနေဖြစ်တယ် ကျွန်တော် က ဆရာဝန်လေ ........ကိုယ်ပိုင်ဆေးခန်းလေးဖွင့့်ထားတယ် နောက်ပီး အရေးပေါ်လူနာရှိရင်လည်း လူနာရှိတဲ့ဆီ ကျွန်တော် သွားပေးတယ် ငွေကြေးမတတ်နိုင်တဲ့ သူဆိုလည်း စေတနာနဲ့ ကုပေးတယ် .............

ကျွန်တော် ကြောင့် နေမြန်မြန်ကောင်းသွားပီး ပျော်ရွှင်နေကြတာကိုမြင်ရတာ

ကျွန်တော် အရမ်းပီတိဖြစ်တယ်......သြော်.....အရေးကြီးတာ ပြောဖို့ကျန်ခဲ့တယ် ကျွန်တော့် နာမည် က Luhan တဲ့......Doctor Luhan ပေါ့ဗျာ....

Luhan ကားလေးက နယ်မြို့လေးရဲ့ နယ်နိမိတ်ကုန်ဆုံးခါနီးမှာ ရုတ်တရက် ရပ်တန့် သွားလေရဲ့.........နောက်တော့ မှ သတိထား မိတယ် ကားက ဆီကုန်သွားပီ ......ဒါမှ ဒုက္ခ မေမေ့ဆီ ပြန်သွားဖို့ကလည်းတော်တော်လေးဝေးတယ် အခုရောက်နေတာကလည်း မြို့စွန် မှောင်ကလည်းမှောင်နေပီ ......ဒါနဲ့ပဲ အနီးအနား မှာ အိမ်တစ်အိမ်ရှာရတော့တာပေါ့ ........ကံဆိုးချင်တော့Luhan  ရောက်နေတဲ့နေရာအနီးအနားမှာ အိမ်နဲ့တူတာတောင်မတွေ့ ကားလမ်းရဲ့ တစ်ဖက်တစ်ချပ် မှာတော့ သစ်ပင် တွေနဲ့ ပြည့်နှက်နေတဲ့ တောအုပ်တစ်ခု ........အမှန်တော့ အခုလမ်းက ဖောက်ထားတာမကြာသေးတဲ့ လမ်းသစ်ပါ  တောအုပ်တစ်ခု ကိုဖျက်ပြီးဖောက်လုပ်ထားတာပေါ့ 

အားးးးး 

ဆိုတဲ့ အော်သံ နဲ့အတူ သစ်ပင် ထက်မှ ငှက်များလည်း ထပျံလေရဲ့ 

Luhan အော်သံ ကြားရာကိုကြည့်လိုက်တော့ မီးအလင်းရောင်ကိုတွေ့ရတယ်

ဒါနဲ့ပဲ Luhan က တစ်ယောက်ယောက် ဒုက္ခ တွေ့နေတယ်ထင်ပီး ထိုမီးအလင်းရောင်ရှိရာကိုသွားခဲ့တယ် Luhan သိပ်တောင်မသွားလိုက်ရပါဘူး ထင်းခြောက်တွေနဲ့ မီးဖိုတစ်ခုကိုတွေ့လိုက်ရတယ် နောက်ပီး Luhan ဘေးကို မသင်ကာလို့ ကြည့်လိုက်မိတော့ Luhan မျက်ဝန်းအစုံက ပြူးကျယ်သွားလေရဲ့ .......

THE NEW VERSION OF TARZAN  Where stories live. Discover now