Go-Ahead to you

12.1K 136 0
                                    

ခပ်လှမ်းလှမ်းမှတိမ်စိုင်တွေကိုငေးရင်း....ဟေသာလေယာဉ်ထိုင်ခုံကို အသာအယာမှီချလိုက်သည်

ညနေခင်းရဲ့နေရောင်ခြည်က ပြတင်းပေါက်ကတဆင့်ဟေသာ့ရဲ့ထိုင်ခုံဆီသို့ဖြာဆင်းကျနေခဲ့သည်။

မန္တလေးလေဆိပ်ကိုဆင်းသက်တော့မည့်အကြောင်းကြော်ငြာသံကြားတော့
ငြိမ်သက်နေသောခရီးသည်များအားလုံးလှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်

​အပေါ်စီးမှမြင်ရတဲ့စေတီပုထိုးတွေနဲ့တောင်ကုန်းတွေကိုမြင်တော့
ဟေသာ့စိတ်ထဲမှာ ကြည်နူးတစ်ဝက်ဝမ်းနည်းတစ်ဝက်ဖြစ်သွားမိသည်

ရင်ဘက်ထဲမှာ သတိရခြင်းတွေတပွေ့တပိုက်နဲ့ အပြေးပြန်လာခဲ့ပေမဲ့
အကြာကြီးအိမ်နဲ့ဝေးနေသူတစ်ယောက်မို့....
အရင်လိုရောကြိုဆိုပါဦးမလားလို့ မချင့်မရဲတွေးမိသေး

"ဟေသာကသံယောဇဉ်သိမ်မထားတက်ဘူးနော်...ဘာလို့လဲ"
တချိန်က ဟေသာ့မျက်လုံးတွေကို
ကလေးတစ်ယောက်လိုနူးနူးညံ့ညံ့ငေးစိုက်ရင်း
မေးခွန်းထုတ်တက်တဲ့တစ်စုံတစ်ယောက်ကိုသတိရမိသွားခဲ့သည်

တကယ်ဆိုဟေသာဆိုတဲ့မိန်းကလေးကလည်းသံယောဇဉ်တွေတနင့်တပိုးနဲ့ သူ့ကိုအမြဲလွမ်းနေမယ်ဆိုတာရော
သူသိပါ့မလား

သူဆိုတာ......

Zawgyi

ခပ္လွမ္းလွမ္းမွတိမ္စိုင္ေတြကိုေငးရင္း....ေဟသာ ေလယာဥ္ထိုင္ခုံကို အသာအယာမွီခ်လိုက္သည္

ညေနခင္းရဲ့ေနေရာင္ျခည္က ျပတင္းေပါက္ကတဆင့္ေဟသာ့ရဲ့ထိုင္ခုံဆီသို႔ျဖာဆင္းက်ေနခဲ့သည္။

မႏၲေလးေလဆိပ္ကိုဆင္းသက္ေတာ့မည့္အေၾကာင္းေၾကာ္ျငာသံၾကားေတာ့
ၿငိမ္သက္ေနေသာခရီးသည္မ်ားအားလုံးလႈပ္လႈပ္ရြရြျဖစ္လာခဲ့သည္

​အေပၚစီးမွျမင္ရတဲ့ေစတီပုထိုးေတြနဲ႔ေတာင္ကုန္းေတြကိုျမင္ေတာ့
ေဟသာ့စိတ္ထဲမွာ ၾကည္ႏူးတစ္ဝက္ဝမ္းနည္းတစ္ဝက္ျဖစ္သြားမိသည္

ရင္ဘက္ထဲမွာ သတိရျခင္းေတြတေပြ႕တပိုက္နဲ႔ အေျပးျပန္လာခဲ့ေပမဲ့
အၾကာႀကီးအိမ္နဲ႔ေဝးေနသူတစ္ေယာက္မို႔....
အရင္လိုေရာႀကိဳဆိုပါဦးမလားလို႔ မခ်င့္မရဲေတြးမိေသး

"ေဟသာကသံေယာဇဥ္သိမ္မထားတက္ဘူးေနာ္...ဘာလို႔လဲ"
တခ်ိန္က ေဟသာ့မ်က္လုံးေတြကို
ကေလးတစ္ေယာက္လိုႏူးႏူးညံ့ညံ့ေငးစိုက္ရင္း
ေမးခြန္းထုတ္တက္တဲ့တစ္စုံတစ္ေယာက္ကိုသတိရမိသြားခဲ့သည္

တကယ္ဆိုေဟသာဆိုတဲ့မိန္းကေလးကလည္းသံေယာဇဥ္ေတြတနင့္တပိုးနဲ႔ သူ႔ကိုအျမဲလြမ္းေနမယ္ဆိုတာေရာ
သူသိပါ့မလား

သူဆိုတာ......

Mr Dearest (အချစ်ရဆုံး)Where stories live. Discover now