.. ၁၉၁ ..
7.1K 800 35
《Zawgyi》
အပိုင်း - ၁၉၁
[ဘာလို့ အလှပဂေးတွေအများကြီးကို ရန်သွားစရတာလဲ - ၂]
အိမ်ပြန်ရောက်သည်အထိ ချင်းစုယွဲ့ဟာ ချန်းစီနျန်ရှောင်လွှဲလိုက်တဲ့ အဖြစ်ကို သိချင်နေမိဆဲပင်။ မီးဖိုခန်းထဲမှာ ညစာချက်ပြုတ်နေရင်းနဲ့ ဝတ္ထုရဲ့ နဂိုဇာတ်ကြောင်းကို ပြန်စဉ်းစားကြည့်နေသည်။ 'လိုင်' မျိုးရိုးနဲ့ မည်သူများ ပါနေဦးမလဲ?
တော်တော်ကြာစဉ်းစားပြီး နောက်ဆုံးမှာ မှတ်မိသွား၏။ တကယ်ပဲ နဂိုဇာတ်ကြောင်းမှာ ထိုသို့သောသူ ရှိခဲ့လေသည်။ လိုင်မိသားစုရဲ့သမီးငယ်..
ရှီရှီရဲ့ဝမ်းကွဲတော်စပ်သူ..
ချန်းစီနျန်နဲ့နောင်တစ်ချိန်မှာ လက်ထပ်ဖို့ကြောင်းလမ်းထားတဲ့သူ..
အဟက်ဟက်
ချင်းစုယွဲ့က ချက်ပြုတ်ပြီးတာနဲ့ ပန်းကန်ထဲထည့်ကာ ပြင်ဆင်လိုက်ပြီး ချန်းစီနျန်ကိုကြည့်သည်။
"လိုင်မိသားစုက ရှင့်ကို ဘယ်လိုအမှားလုပ်ခဲ့လဲ ကျွန်မသိသွားပြီ"
"ဟင်"
တူကောက်ကိုင်မလို့လုပ်နေတဲ့ ချန်းစီနျန်ရဲ့လက်တစ်စုံကတော့ တောင့်တင်းသွားသည်။ သူ့မိန်းမက ဘာလို့ ဒီကိစ္စကိုပဲဆက်နေရလဲ သိချင်မိ၏။
"ဘာလို့လဲဆိုတော့ ချန်းစီနျန် ရှင့်က သူတို့သမီးနဲ့ ပက်သတ်နေလို့လေ မဟုတ်ဘူးလား? ကျွန်မ မှတ်မိတာသာမှန်ရင် ရှင်နဲ့လိုင်မိန်းကလေးတို့ လက်ထပ်ဖို့တောင် စီစဉ်ထားကြသေး"
ချန်းစီနျန်က ပြုံးနေရင်းဖြင့် လက်နှစ်ဖက်လုံးနဲ့ သူမရဲ့ခါးလေးကို ဖက်လိုက်သည်။
"မိန်းမရယ် ... အဲ့ဒါ ကိုယ့်မာမားရဲ့ အကြံဆိုးကြီးပါကွာ ကိုယ်မှမဟုတ်ပဲ ... နောက်ပြီး ကိုယ်က နောက်ဆုံးအချိန်အထိ ငြင်းခဲ့တာပဲမလား?"
"အဟင်း ... ဒီလောက်ရိုးရှင်းမနေဘူးလို့ ကျွန်မတော့ သံသယရှိတယ် ... ရှင်ကသည်းမခံနိုင်ပဲ တိုက်ခိုက်ခဲ့ရတဲ့အထိဆိုတော့ ရှင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ဖြစ်ခဲ့မှာပဲ ... မဟုတ်ရင် ရှင်ဘာလို့သူတို့ တစ်မိသားစုလုံးနဲ့ ဝေးဝေးနေမလဲ? ကျွန်မပြောတာ မှန်တယ်မလား?"