Part-37

3.9K 319 37
                                    

"မြေးလေး အဖွားပြောတဲ့ ကိစ္စကို ဘယ်လိုသဘောရလဲဟင် "

"အဖွားသဘောအတိုင်းပါပဲဗျ အဖွား သားမှာ ငြင်းလိုစိတ်မရှိပါဘူး"

သူ့ကို ဘေးနားမှာ ကပ်ထိုင်လို့ သူမပြောသမျှ ခေါင်းညိတ်နေတဲ့ မြေးလေးကြောင့် လန်သခင်မကြီး စိတ်ထဲထင့်နေရပြန်သည်။

"မြေးလေးစိတ်ချမ်းသာဖို့က အဖွားရွေးချယ်မှုလေ ဒါကြောင့်မို့ပဲ မြေးလေးကို မေးတာပေါ့။ ပြီးတော့ ဒီကုမ္မဏီရဲ့ CEOက~~~"

"အတိတ်တွေကို သားထည့်မတွက်သလို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို သားဆွဲမရောတာမို့ အဖွားစိတ်ချလို့ရပါတယ် အဖွား"

"မြေးလေးရယ် ရင့်ကျက်လာလိုက်တာ။ အဖွားကတော့ မြေးလေးကို ဆံပင်အုပ်အုပ်ကလေးနဲ့ အငိုသန်တဲ့ယုန်ဖြူလေးလို့ ထင်နေတုန်း မြေးလေးကတော့ အစွယ်ပီစိလေးနဲ့ ​ခြင်္သေ့ပေါက်စလေးဖြစ်နေပြီ"

"ဟီး အဖွားကလည်း "

ကျွန်မထိုသို့ပြောတော့ မြေးလေးက ခွေးပေါက်လေးလို မူပိုချွဲလို့ ကျွန်မလက်မောင်းကို ကိုင်ပြီး ခေါင်းလေူတိုးဝှေ့လာတယ်။

ဒါလေးများ တည်တည်တံ့တံ့လေးနဲ့ နေချက်သေးတယ် ရုပ်လေးက ငါးနှစ်သားထက်တောင် ပိုမကြီးဘူး။

ကံမကုန်လို့ ပြန်ဆုံရုံပဲ ထင်ခဲ့မိတာ ကျွန်တော်မှားသွားတယ် ကိုကို။ ခင်များနဲ့ ဝဠ်ကျွေးတွေ မကျေသေးလို့ထင်ပါရဲ့ မနက်ဖြန်တွေမှာလည်း ခင်များနဲ့ မျက်နှာချင်းဆိုင် ရအုံးမှာတဲ့။ ကျွန်တော် တကယ်ပဲ ကံကြမ္မာဇာတ်ဆရာတွေကို လုံးဝ နားမလည်နိုင်တော့ဘူး။

သူမကိုမှီချွဲလိုက်တာနဲ့ ညို့မိှုင်းသွားတဲ့ မြေးဖြစ်သူရဲ့ မျက်နှာလေးကို လန်သခင်မကြီး မြင်သွားခဲ့ရင်လေ~~~။

~~~~

ဓာတ်လှေကား ပိတ်ခါနီးမှာ လက်သွယ်သွယ်လေးတစ်ဖက်ကြောင့် တီခနဲ မြည်ပြီး တံခါးက ပြန်လည်ဖွင့်သွားလေသည်။

အလောတကြီးနဲ့ ထိုလူကို အားလုံးကဝိုင်းကြည့်နေသလို CEO ဖြစ်တဲ့ Xiao Zhanကလည်း နည်းတူဖြစ်လေသည်။

Triangle {Completed}Where stories live. Discover now