Ep 4(Unicode)

211 29 0
                                    

အတန်းချိန်စောသေးတာမို့ ကျောင်းခန်းထဲသူရောက်ချိန်
လူသိပ်မရှိသေးချေ။ အတန်းခေါင်းဆောင်နဲ့ ကျောင်းသူ
နှစ်ယောက် သူတစ်ယောက်သာ.....။

လွယ်အိတ်ကို ခုံပေါ်တင်လိုက်ကာ ထိုင်ခုံဘေးပြတင်း
ပေါက်မှအပြင်သို့ရောက်တက်ရာရာကြည့်နေလိုက်သည်။ သူတို့အခန်းက နှစ်ထပ်ဆောင်၏အပေါ်ထပ် အစွန်ဆုံး
အခန်း။ အားကစားကွင်းက သူ့တို့အခန်းကကြည့်ရင်
ရှင်းရှင်းလင်းလင်းမြင်ရတယ်။ အားကစားပွဲတွေရှိရင်
အခန်းကကြည့်ရအဆင်ပြေသည်လေ။

အော်....ဘာလိုလိုနဲ့ကျောင်းအားကစားပွဲတောင်ရောက်တော့မယ်။ နောက်တစ်နှစ်ဆို သူတို့စီနီယာဖြစ်ပြီလေ။

'hey!Jong In...!စောစောစီးစီးပါလား...?
ထူးထူးဆန်းဆန်း.. ....?'

'အေးကွာ....ဘာလဲ...?အဆင်မပြေတာရှိလို့လား..?'

အနားရောက်လာသော Chanyeol နှင့် Jong Dae
တို့ကြောင့် သူတို့ကိုတစ်ချက်ကြည့်ကာခေါင်းသာယမ်း
ပြလိုက်သည်။

'အော်....ဒါနဲ့ မနက်ဖြန်ညငါ့အိမ်မှာ ပါတီရှိတယ်....မင်းတို့၂ယောက်လုံးလာခဲ့ကြ...'

'ဟင်...!ပါတီ...'

Chanyeolစကားကို Jong Daeကတအံတသြနဲ့ပြန်မေးသည်။

'ဟုတ်တယ်....မင်းတို့ရောက်မှသိလိမ့်မယ်....ခုတော့
လျှိဝှက်ချက်..!'

'ဘာလဲကွာ....?မင်းကငါ့တို့ကိုတောင် လျှိ့ဝှက်ချက်ထားတယ်ပေါ့....'

'အင်းလေ....'

သူ့စကားကို Jong Daeကထောက်ခံသလိုပြောတော့
Chanyeolက တဟားဟားရယ်လေသည်။ ပြီးမှ
ပြုံးစိစိဖြင့်....

'အဲလိုရှိတယ်ကွာ.....မင်းတို့နောက်သိလိမ့်မယ်....'

'ဟော်....Luhanတို့တောင်ရောက်လာပြီ....'

သူကြည့်လိုက်တော့ Luhanနဲ့ Kyung Soo.....

'ရောက်နေတာကြာပြီလား...?Yeol...!'

သူ့ကိုပြုံးကြည့်ရင်းမှမေးလိုက်တာက Chanyeolကို..
ဘာတဲ့....!ခေါ်လိုက်တာကိုက တရင်းတနှီး Yeolတဲ့...
ငါ့ကိုသဘာကျတဲ့အရိပ်အယောင်တွေပြပြီးမှ ဘာလို့
ရုတ်တရက်ကြီး.....! အာ....တော်ပြီကွာ....

Oh my Crush[Complete]Where stories live. Discover now