ကြိုပြောထားမယ်နော် လွဲမှာပါ လွဲဦးမှာ Season-1 က appa omma တွေဖြစ်ကြတဲ့ Kaisoo Hunhan တို့ အေးဆေးလွဲသလောက် Season-2 Chanbaek Taoris တို့စပ်စလူးနတ်ပူးပြီး လွဲမှာပါ
ဟိုလေ ဝဋ်တော့မလည်ပါရစေနဲ့ ဟီး လွဲတာရှိရင်တောင်းပန်ပါတယ် Season-1 လိုပဲ ဖတ်ပေးနော် နော်
✌ExoLIGOT7Hazel✌
Misses Part-1
******************
Yeol တစ်ယောက် သူ့ appa Hun company မှာ အလုပ်ဝင်လုပ်ပြီး ညည်းတွားနေလေရဲ့Appa တို့ကလည်း လောဘကြီးလိုက်တာ ပင်ပန်းလိုက်တာကွာ ငါနော် ပိုက်ဆံလေး ပြတ်မှာစိုးလို့ လုပ်နေတာ မဟုတ်ရင် ဒီအလုပ်တွေ လှည့်တောင် မကြည့်ဘူး
အားးးး Yeol စိတ်ရှုပ်ပြီး အော်လိုက်တယ်
ထိုချိန် Baek ဝင်လာပြီး
ဟဲ့ အရိုး အရူး ဘာထကြောင်တာလဲ
Ya....တံခါးခေါက်ပြီးဝင်ပါဆို သေလောက်အောင်ပြောလည်း မမှတ်ထားဘူး
အမယ် ငါ့ဘာသာ ဘယ်လိုဝင်ဝင်ပေါ့ ခေါက်ချင်ခေါက်မယ် မခေါက်ချင် မခေါက်ဘူး မာနင်ဆရာမလုပ်နဲ့
ဒါငါ့အလုပ်ခန်းလေ
အို ဘာဖြစ်ဖြစ် ဒီမှာ ငါအပြင်သွားမယ် လိုက်ပို့ဒါပဲ
ကိုယ့်ဘာသာကိုယ်သွားပါလား ငါနင့်လို
အားနေတာမဟုတ်ဘူး
အမယ်လေး ငါလည်းအလုပ်ဝင်တော့ မှာပါအေ appa ကိုကူညီတော့မှာ
ပြောတော့လည်း မင်းပါပဲ အဲ့စကားက အထက်တန်းထဲကပြောတာ အခု ဘွဲ့ယူရတော့မယ်
မနေ့တစ်နေ့က အလုပ်ဝင်တဲ့ကောင်က လေကြီးလေကျယ်နဲ့ တော်တော့ ငါနဲ့လိုက်ခဲ့
နင်ကဘယ်ကိုသဝေထိုးဦးမှာလဲ
Birthday Party....သွားမယ် လိုက်ခဲ့
ငါ့အခြေအနေက party မသွားနိုင်ဘူး အလုပ်တွေ တစ်ပုံကြီး ဂျောင်းတော့ မိ Baek
မာနကတစ်ခွဲသားနဲ့ နင်မလိုက်ဘူးပေါ့
မအားဘူး မလိုက်ဘူး အားလည်း မလိုက်ဘူး