MySoul🤍part-1(unicode)

8.8K 378 10
                                    

My Soul [suicideလုပ်ဖို့သုံးလအလို]
Part-1.

တကယ့်ကို မဟူရာညပဲ။လကလည်း ခေါင်းပြူမကြည့်
သလို ကြယ်လေးတွေကလည်း ဘယ်နားပုန်းခိုနေသလဲ
မသိ။ရှာမနေပါနဲ့ !ကောင်းကင်ကြီး ကအနီရောင်ကြီးစိုး
နေတာ။

တစ်ချက်တစ်ချက်အဖြူရောင်လျှပ်စီးကြောင်းတွေကအရှိန်အဝါပြသေး။အခါမလွန်ပေသော်ငြားလည်း မာန်
ဟုန်အပြည့်နဲ့မိုးသည်းတွေကမုန်တိုင်းရဲ့ရှေ့ပြေးနိမိတ်
လား ချက်ချင်းပင်တိုက်ခတ်တော့မှာလားမသဲကွဲ။

Beijingမြို့ရဲ့အစွန်အဖျားတစ်နေရာမှာတစ်သီးတစ်သန့်
တည်ရှိနေသည့် အဖြူရောင်တစ်ထပ်အိမ်လုံးလုံးလေး။
ခြံဝန်းက ခပ်ကျယ်ကျယ်။ဘေးပတ်ပတ်လည်မှာပန်းပင်
ပုပုလေးတွေ စိုက်ထားပြီးအဖြူရောင်ဒန်းလှလှလေးက
အိမ်ရဲ့မျက်နှာစာတစ်ဖက်မှာနေရာယူထားတယ်။

ထူးခြားချက်က ပြတင်းတံခါးတွေကအစအဝင်တံခါး
အဆုံးတစ်အိမ်လုံးကို နေရာမလပ်အဖြူတွေချည်းသုံးထားတာပင်။

အိမ်ပိုင်ရှင်ကစိတ်ကူးယဉ်ဆန်တာလား?Design ဆွဲပေးတဲ့လူက စိတ်ကူးယဉ်ဆန်တာလား?ဒါမှမဟုတ်အိမ်ပိုင်ရှင်နဲ့ Design ဆွဲတဲ့လူကတစ်ယောက်တည်း ဆိုရင်ရော ?

ဒါတွေထားလိုက်ပါလေ! ဖြတ်သွားဖြတ်လာလူတိုင်း လည်ပြန်ငေးကြည့်ရအောင်လှရက်နိုင်တဲ့ အိမ်ဖြူဖြူလေးက အခုတော့ Astraphobia ရှိတဲ့လူတွေ ခေါက်ခ
နဲ့ လဲသေနိုင်တဲ့ လျှပ်စီးကြောင်း မိုးကြိုးတွေကြောင့်
လား?အာဏာပြမြည်ဟီးနေတဲ့ မိုးခြိမ်းသံတွေကြောင့်လားတော့မသိ အနည်းငယ် ကျောချမ်းစရာ ကောင်း
နေတယ်။

ဒီလိုညရဲ့ မြို့ပြင်နေရာမျိုးမှာတည်ရှိနေတဲ့ အိမ်ဖြူလေး ကကျောချမ်းစရာ ကောင်းမကောင်းတော့မသိ။အိမ်လေးရဲ့အတွင်းပိုင်းကတော့ အေးစက်စက်နဲ့။မီးလင်းဖိုလေး
ရှိပါရဲ့ မီးမမွှေးထားဘူး။ဖယောင်းတိုင်ငယ်လေးတစ် ချောင်းတော့ရှိပါရဲ့ အလင်းရောင်မဲ့နေတယ်။

အိမ်အတွင်းပိုင်းမှာလည်းထူးခြားချက်တွေရှိတယ်။အဲ့ဒါelectronic ဆိုင်ရာပစ္စည်းဘာတစ်ခုမှမတွေ့ရတာပဲ။

My Soul[Suicideလုပ်ဖို့သုံးလအလို][suicideလုပ္ဖို့သုံးလအလို]Where stories live. Discover now