ကလောမှ အပြန် ( က ၊ ခ )

2.6K 39 4
                                    

                            ( က )
                နှင်းမှုန်စက်ကလေးများ တဖွဲဖွဲကျနေသောဆောင်းမနက်သည် ကလောမြို့အတွက် ဘာမှမဟုတ်သော်လည်း ကျွန်တော့်အတွက်တော့ ချစ်စရာအကောင်းဆုံး ပန်ချီကားတစ်ခုဖြစ်နေသည်။ ဟိုတယ်ဝင်းထဲက ထွက်လာပြီးကားလမ်းပေါ် ရောက် ကတည်းက မြင်မြင်သမျှ ချစ်စရာကောင်းနေသည်။ လမ်းလျှောက်ထွက်လာတာတော်တော်မှန်သွားပြီ။ တောင်ကမူပေါ် မှာ ဆောက်ထားတဲ့အိမ်ကလေးတွေက ချစ်စရာလေးတွေ အရောင်စုံတဲ့ပန်းတွေကလည်း လမ်းဘေးတွေမှာ အိမ်ကလေးတွေမှာ တောင်ကမူကလေးတွေအပေါ်မှာ။ နှင်းမှုန်ကလေးတွေဟာ ရေစက်ကလေးတွေအဖြစ် အဲ့ဒီပန်းကလေးတွေပေါ်မှာ အိမ်ခေါင်မိုးတွေပေါ်မှာ မြက်ခင်းပင်လေးတွေပေါ်မှာ သစ်ပင်တွေရဲ့အကိုင်းအရွက်တွေမှာ တွဲရရွဲခိုလို့။ နေရောင်ခြည်ကြောင့်လည်း လင်းကနဲလက်ကနဲ။ ကျွန်တော့်ဆံပင်ထက်မှာလည်း နှင်းစက်ကလေးတွေစိုနေသည်။ မျက်နှာမော့ပြီးလျှောက်တော့ မျက်နှာပေါ် နှင်းစက်ကလေးတွေ ငုံ့ဆင်းလာနမ်းကြသည်။ မိုးကောင်းကင်တစ်ခုလုံးကလည်း အပြာနုနု တိမ်ဆိုင်ဖြူဖြူတွေက အဆုပ်လိုက်အဆုပ်လိုက်။ ဤမျှချစ်စရာကောင်းသော တောင်ပေါ်မြို့လေးကိုရောက်လာသောကျွန်တော့်အဖြစ်ကိုကြည်နူးမိသည်။ ကလောကို အလုပ်ပေး၍ခေါ်လာသော ဆရာ့ကိုလည်းကျေးဇူးတင်မိသည်။
           ဆရာဆိုသည်မှာ နာမည်ကြီးဝါရင့်ရုပ်ရှင်🎞️ဇတ်ညွှန်းနှင့်ဒါရိုက်တာတစ်ဦးဖြစ်သည်။ ကလောမှာ ဗွီဒီယိုတစ်ကားလာရိုက်ကြတာ။ ကျွန်တော်က ဒီဇတ်ကားရဲ့ ဇတ်ညွှန်းရေးတဲ့သူတစ်ယောက်ပေါ့။ ဒီဇတ်ကားက ကျွန်တော့်အတွက်ပထမဆုံးသော  ကိုယ်ပိုင်လုပ်အားခရတဲ့ ကားလေးပါ။ကျွန်တော်က အနုပညာမှာ စမ်းပါတာလား ကံကောင်းတာလားမပြောတတ်တော့။ တက္ကသိုလ်ပြီးပြီးချင်း ဘွဲ့တောင်မယူရသေးပဲ  ရုပ်ရှင်ဇတ်ညွှန်းသင်တန်းတက်ခဲ့တာ။ သင်တဲ့ဆရာက အခုကလောကိုခေါ်လာတဲ့ ဒါရိုက်တာဆရာပေါ့။ သင်တန်းဆင်းတော့ ဇတ်ညွန်းရေးပြိုင်ပွဲမှာ ကျွန်တော်ကပထမရပြီး အောင်ခဲ့တာဖြစ်သည်။ သင်တန်းပြီးလို့ သိပ်မကြာခင်မှာပဲ ဆရာက ဒီကားအတွက် ယုံယုံကြည်ကြည်နဲ့  ဇတ်ညွှန်းရေးခိုင်းခဲ့တာ။ တကယ်တမ်းဝတ္ထုစာအုပ်ကြီးပေးပြီး ရေးလည်းရေးခိုင်းရော ကျွန်တော့်ကိုယ်ကျွန်တော်မယုံရဲစွာ ဆရာ့ကိုငြင်းတော့ ဆရာကအားပေးစကားပြောပြီး အတင်းရေးခိုင်းခဲ့တာဖြစ်သည်။ အချို့လိုအပ်တဲ့နေရာတွေမှာလည်း  ကူညီပေးမယ်လို့ပြောပါသည်။ တကယ်ဆို ကျွန်တော်က ဇတ်ညွှန်းရေးပေးရုံ ကျွန်တော့်ကိုရိုက်ကွင်းအထိခေါ်ဖို့မလိုပါ။ ဒါပေမယ့်ဆရာက ဇတ်ညွှန်းအတိုင်းရိုက်လို့မရတဲ့အခြေအနေသိရှိစေဖို့ ဇတ်ညွှန်းပညာတိုးတက်စေဖို့ ရိုက်ကွင်းအတွေ့အကြုံရှိစေဖို့ ကလောသို့ခေါ်လာခြင်းဖြစ်သည်။ ဒီနေ့ မနက်ကိုးနာရီလောက်မှာ ဇတ်ကားစရိုက်ကြမည်။ မနေ့ကညကိုးနာရီလောက်ကအဖွဲ့သားအားလုံး ကလောကိုရောက်လာခဲ့ကြသည်။ လက်ကနာရီကြည့်လိုက်တော့ ၇နာရီထိုးပြီးပြီ။ ဒီနေ့က ဟိုတယ်ဝင်းထဲမှာပဲ indoor ရိုက်မှာဖြစ်ပေမယ့် ရေချိုးမှာနဲ့ breakfast စားမှာနဲ့ဆို ဟိုတယ်ဘက်ပြန်လှည့်မှဖြစ်တော့မည်။ အလုပ်စတဲ့ရက်မှာ သူနောက်ကျနေလျှင်မကောင်း ။ ကလောမြို့ရဲ့ ပန်ချီကားလေးတွေ ရင်ထဲသိမ်းဆည်းရင်း ပြန်လှည့်လာခဲ့ပါသည်။
                           ( ခ )
          ဒီကားရဲ့ မင်းသားနဲ့မင်းသမီးက နာမည်ကြီးတွေပါပဲ။ သူတို့နှစ်ယောက်က ဇတ်ကားတော်တော်များများတွဲပြီး လိုက်လဲလိုက်ဖက်သည်။ မင်းသမီးက လူငယ်ဆိုပေမယ့် အသက်က နှစ်ဆယ့်ရှစ်ကျော်ပြီ ။အခုလောလောဆယ် မင်းသမီးထဲမှာ တစ်ပြေးနေပြီးအကယ်ဒမီနှစ်ဆုလည်းရပြီးပြီ။ မင်းသားကလည်း လူငယ်ဆိုပေမယ့် ၂၅-၂၆လောက်ရှိပြီ။ အကယ်ဒမီတော့မရသေး။ ကျွန်တော်ဒီမင်းသားဇတ်ကားတော်တော်များများကြည့်ဖူးပါသည်။ သူက ရုပ်ရှင်ပဲရိုက်တာများသည်။ အရင်က သူ့ကို သိပ်မကြိုက်ပါ။ သရဲကားတစ်ကားမှာ ဗီလိန်လုပ်သရုပ်ဆောင်သွားတာ အရမ်းပီပြင်လွန်းတော့ တော်တော်လေးကြွေခဲ့ကြောင်း ကျွန်တော်ဝန်ခံရမည်။နောက်ပိုင်း သူ့ကားတွေ စောင့်ကြည့်ခဲ့သည်။ သူ၏ဇတ်ကားများထဲတွင် သရဲကားတွေက အရမ်းကိုအောင်မြင်ကြသည်။ ပရိတ်သတ်တွေက ရုံပြည့်ရုံလျှံအားပေးကြသည်။ မျက်ခုံး ထူထူလေးတွေက သူ့မျက်နှာတွင်အထင်ရှားဆုံးဖြစ်သည်။ နုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးပါးပါးလေးတွေနဲ့ ရယ်ပြုံးလိုက်တဲ့အခါ သူ့မျက်လုံးနှစ်လုံးက အနည်းငယ်ကျဥ်းသွားသလိုထင်ရပေမယ့် စွဲဆောင်မှုတော်တော်ရှိသည်။။နောက်ပိုင်းတွင်မင်းသားသည် အသားအရည်ပိုဖြူပိုကြည်လာသလို ပိုလည်းချောလာသည်။ မိန်းကလေးပရိတ်သတ်တွေလည်းပိုများလာသည်။ သူက သီချင်းခွေတစ်ခွေလည်းထွက်ထားသည့်အတွက် သူ့သီချင်းတွေကို JOOX မှာ Youtube မှာ ရှာပြီးနားထောင်ဖြစ်သည်။ သူ့အသံကြည်ကြည်အေးအေးလေးတွေကသူနဲ့လိုက်ဖက်ပါသည်။ ကျောင်းသွားရင် နားကြပ်နဲ့ ကားပေါ်မှာ နားထောင်သလို gym ကစားပြီးပြန်အလာ ခဏနားတဲ့အခါ နားထောင်ဖြစ်ပါသည်။ မကြာခဏနားထောင်လာတဲ့အခါ သူ၏သီချင်းအကုန်နီးပါး အလွတ်ရသည်အထိဖြစ်လာသည်။ အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ရဲ့ MTV တစ်ပုဒ်ကြည့်ပြီး သူ့ကိုမှန်းကာ တစ်ကိုယ်ရေအာသာဖြေတဲ့အထိဖြစ်ခဲ့သည်။သူက နာမည်သုံးလုံးနှင့်မင်းသားဖြစ်သည်။
                 ကျွန်တော်တို့တည်းတဲ့ဟိုတယ်က ဗန်ဂလိုလုံးချင်းလေးတွေဖြစ်သည်။ လုံးချင်းလေးတွေကလည်း ဟိုမှာတစ်လုံး သည်မှာတစ်လုံး တစ်နေရာနဲ့တစ်နေရာ နေရာအနိမ့်အမြင့်မတူပဲ လှပစွာရှိနေကြသည်။ ဗန်ဂလိုတစ်ခုဆီမှာ ဧည့်ခန်းအကျယ်ကြီးနဲ့  အိပ်ခန်းအကျယ်ကြီးနှစ်ခုပါသည်။ အိပ်ခန်းနှစ်ခုစလုံးမှာလည်း bathtub ရေချိုးခန်းနှင့် toilet အသီးသီးရှိကြသည်။ ဒီဗန်ဂလိုထဲမှာ ကျွန်တော်က ဇတ်ကားရဲ့ရိုက်ကွင်းမန်နေဂျာအန်ကယ်နဲ့နေရသည်။အန်ကယ်က အသက်လေးဆယ်ကျော်လောက်တော့ရှိမည်။ ဟိုတယ်အခန်းပြန်ရောက်တော့ အန်ကယ်က ရေချိုးအဝတ်စားလဲပြီး breakfast တောင်သွားစားတော့မည်။
          "ဟာ သုတ ဘယ်သွားလိုက်တာလဲ"
          "လမ်းထွက်လျှောက်တာပါအန်ကယ် ကျန်းမာရေးပေါ့"
          "ဟုတ်လှချေလားကွငါ့တူရဟေ၊ အန်ကယ့်ကိုနှိုးရောပေါ့"
           "အစကတော့အန်ကယ့်ကိုနှိုးဦးမလို့ပဲ အန်ကယ်အိပ်ရေးပျက်မှာဆိုးတာနဲ့ပဲတံခါးမခေါက်တော့တာ"
          "အေးပါကွာ ညကရိုက်ကွင်းတွေအတွက် ကလောမြေပုံ🗺️ကြည့်နေကြပြီးအိပ်တာနောက်ကျလို့ မနိုးတာ အရင်ဆို ပုံမှန်ငါးနာရီလောက်ထနေကျပဲ"
          "ဟုတ်ကဲ့အန်ကယ် နောက်နေ့ အန်ကယ်စောစောနိုးရင် လျှောက်ကြမယ်လေ။ နံနက်စောစော လမ်းလျှောက်ရတာတကယ်ကောင်းတယ်"
          "အေးကွ အရင်အခေါက်တွေတုန်းက လျှောက်တော့လျှောက်ဖူးပါတယ်။ သိတယ်မှတ်လားအလုပ်နဲ့လာတာဆိုတော့ မလျှောက်ဖြစ်တာကများပါတယ်"
          "ဟုတ်ကဲ့အန်ကယ်"
          "အေးအေး ငါ့တူရေချိုးလေ အန်ကယ်တော့ ဆရာဖုန်းဆက်လို့ breakfast သွားစားနှင့်တော့မယ်။ အခန်းသော့ကိုလည်းတော့ ငါ့တူပဲယူထားလိုက်တော့ မြန်မြန်လည်းရေချိုးဦး တော်ကြာ ဘူဖေးသူများအကျတွေစားနေရဦးမယ် breakfast စားတဲ့နေရာသိတယ်မဟုတ်လား။
          "ဟုတ် သိတယ်အန်ကယ် see you later "
          ဆရာဆိုတာ ဒါရိုက်တာဆရာကိုပြောတာဖြစ်သည်။ ဆရာက အသက်၆၀နားနီးနေပေမယ့် လူငယ်တွေလို သန်တုန်းမြန်တုန်း အနုပညာချစ်စိတ်တွေ ကြီးမားတုန်း။ကျွန်တော်toilet အရင်ဝင်ပြီးကိစ္စရှင်းသည်။ ပြီးလျှင် ရေချိုးခန်းထဲဝင်လာပြီး သွားတိုက် နုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးရိတ်သည်။ bathtub ထဲမှာ ရေနွေးနွေးနဲ့  မိနစ်နှစ်ဆယ်ခန့် စိမ်လိုက်သေးသည်။ လူတစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားပြီး အားအင်တွေပြည့်နေသလိုခံစားရသည်။ luggage ထဲက အပြာရောင်ဂျင်းဘောင်းဘီ နဲ့ ခေါင်းစွပ် ပါတဲ့ အဖြူရောင်လက်ရှည် တီရှပ်တစ်ထည်ထုတ်ဝတ်လိုက်သည်။ အေးတဲ့ရာသီဥတုကိုကြိုက်တဲ့အတွက် အပေါ်ဝတ်ထပ်မဝတ်ဖြစ်ပါ။ မှန်ရှေ့မှာရပ်ပြီး မျက်နှာမှာ နို့ရည်လိမ်း၊  cream တစ်ခုပါးပါးလိမ်း၊ ဆံပင်ဖီး၊ ရေမွှေးကိုယူ၍ ညာဘက်မေးအောက်နားတစ်ချက်ဆွတ်၊ ဘယ်ဘက်လက် လက်ကောက်ဝတ်နေရာတစ်ချက်ဆွတ်၊ ပြီးလျှင် ဘယ်နဲ့ညာ လက်ကောက်ဝတ်နှစ်ခုကို ပူး၍ပွတ်လိုက်သည်။ ကျွန်တော့်ရဲ့တစ်နေ့တာပြင်ဆင်မှုက ဒါပဲဖြစ်သည်။ ဒီရေမွှေးက ဖေဖေကိုယ်တိုင် နိုင်ငံခြားကဝယ်လာပေးပြီး သတိတရထည့်ပေးလိုက်သည့် CK တံဆိပ်ရေမွှေးလေးဖြစ်သည်။ကျွန်တော့်အတွက် အဝတ်စားကိုလည်း အတွင်းခံဘောင်းဘီကအစ ဖေဖေနိုင်ငံကခြားကပဲဝယ်ပေးသည်။ ဖေဖေနှင့်မေမေသူ့ဆီဖုန်းမဆက်သေးပါလား။အသက်၂၁မပြည့်သေးတဲ့ လူငယ်ကလေးသည် မှန်ထဲမှာ အတော်လေးကြည့်ကောင်းနေသည်။ ဆံပင်ကလေးက သပ်သပ်ရပ်ရပ် ဖြူဖြူသန့်သန့်လေးနဲ့ ချောနေတဲ့မျက်နှာတစ်ခုကို ကျွန်တော်တွေ့ရသည်။ gym ဆော့ထားတဲ့ bodyက မပိန်မဝဘဲ ၅ပေ၉ အရပ်နှင့် အတော်လေးကြည့်ကောင်းသည်ဟု ထင်ပါသည်။ ကိုယ့်ကိုယ်ကိုကျေနပ်စွာပြုံးလိုက်သည်။ ပိုက်ဆံချမ်းသာသော မိဘနှစ်ပါးမှ မွေးဖွားလာသော တစ်ဦးတည်သောသား ။ ကိုယ်တိုင်ကားမောင်း၍ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ခဲ့တာ။ သုံးနိုင်ဖြုန်းနိုင်လို့လည်း ဘေးမှာ သူငယ်ချင်းကောင်မလေးတွေ ကောင်လေးတွေများစွာ ဝန်းရံခြင်းခံခဲ့ရသည်။ ဒါပေမယ့် ကောင်လေးချောချောတွေကိုသာ စိတ်ဝင်စားခဲ့သည်မဟုတ်လား။

ကလောမှအပြန် Where stories live. Discover now