Part 1

108 6 2
                                    

My Shizun is my Husband

Part 1

ချီကျင်း​တောင်​...
ချီကျင်း​ထောင်​ဟာ
လက်​ဖဝါး​ ​တောင်​ လို့ အများ​ခေါ်​နေကြဖြစ်​တဲ့
ကျင့်​ကြံ​ရေး​လောက ရဲ့ 
ထိပ်​သီးဂိုဏ်းတစ်​ဂိုဏ်းဖြစ်​သည်​။
လက်​ဖဝါး ပုံစံ​တောင်​ဖြစ်​၍ လက်​ဖဝါး​တောင်​ဟု
လူသိများကြသည်​။
လက်​​ချောင်း ငါး​ချောင်း...​တောင်​ထွဋ်​ ငါးခု...။
တောင်​ထွဋ်​ တစ်​ခုချင်းစီကို ​တောင်​သခင်​တစ်​ဦးစီက ဦး​ဆောင်​ကြသည်​။

လက်​ရှိအချိန်​မှာ​တော့ 
တောင်သခ​င်​ ​လေး​ယောက်​သည်
လေးခု​မြောက်​​တောင်​ထွဋ်​ရှိ ​တောင်​သခင်​ထံ​ရောက်​ရှိ​နေကြသည်​။
အ​ကြောင်းမှာကား...၄​ယောက်​​မြောက်​ ​တောင်​သခင်​၏ကျန်းမာ​ရေးသည်​ အလွန်​ကိုစိုးရိမ်​ရသည့်​အ​နေအထား​တွေရှိ​နေခြင်း​ကြောင့်​ဖြစ်​သည်​။

တောင်​သခင်​ ယွီလျန်​...

"ယွီလျန်​ မင်းကျန်းမာ​ရေးကမင်းလဲသိမှာပါ စတုတ္ထ​တောင်​သခင်​အသစ်​ အဖြစ်​ မင်းတပည့်​ထဲက ဘယ်​သူ့ ကို​ရွေးချယ်​မှာလဲ"

"ငါ့မှာ ရည်​ရွယ်​ပြီးသားတပည့်​ရှိပါတယ်
ငါ​စိုးရိမ်​တာ သူ​ရောက်​လာတဲ့အထိ ငါမ​တောင့်​ခံနိုင်​​တော့မှာပဲ"

"မင်း​ပြောတာ ​တောင်​​အောက်​ဆင်းသွားတဲ့တပည့်​​တွေထဲကလား"

"မဟုတ်​ဘူး သူ့ နာမည်​က လီချင်း​ရန်​ တဲ့"

"ဘာလို့ ငါဒီနာမည်​ မကြားဖူးရတာလဲ"

"ဟုတ်​တယ်​ ရန်​အာက ငါ​တောင်​​ပေါ်မှာ သင်​ကြားခဲ့တဲ့ တပည့်​မဟုတ်​ဘူး"

"ဘာ"

"အကိုတစ်​ စတုတ္ထ​တောင်​ရဲ့ ​တောင်​သခင်​ က ကျိန်း​သေ ရန်​အာပဲ ဖြစ်​ရမယ်​ ငါ့ကိုကူညီပါ"

"ယွီလျန်​ မင်း..!! ဘာလို့ ​စော​စောမ​ပြောခဲ့တာလဲ"

ဒါက​သာမာန်​အ​နေနဲ့ ဆို ကိစ္စကြီးမဟုတ်​​ပေမယ့်
ချီကျင်း​တောင်​အတွက်​​တော့ကိစ္စကြီး​ပေ။
သူတို့ ​တောင်​၏အစဉ်​အလာအရ မျိုးဆက်​နှစ်​ဆက်​က ဘယ်​​တော့မှ အလုပ်​တွဲမလုပ်​​ပေ။
ရှင်းရှင်း​ပြောရရင်​ ​စတုတ္ထ​တောင်​သခင်​ရဲ့ တပည့်​သာ ​တောင်​သခင်​ဖြစ်​လာရင်
ကျန်​တဲ့​တောင်​သခင်​​တွေကလဲ သူတို့ တပည့်​​တွေအား ​တောင်​သခင်​ရာထူးလွှဲအပ်​ရမည်​ဖြစ်​သည်​။

My Shizun is my HusbandWhere stories live. Discover now