8 [ Z ]

195 18 0
                                    


ရာသီဥတုက ခပ်မှိုင်းမှိုင်း . . .
တစ်ချက်ချက် လေပြင်းတွေကြောင့် မိုးစက်တွေက လာလာစင်တယ် ။

ဒီလိုဘဲ kyotoရဲ့ ရာသီဥတုက ပုံမှန်မရှိဘူး ။

ထီးအဖြူလေးတစ်လက်က နှစ်ယောက်သားကို မိုးစက်တွေဆီကနေ လုံလုံလောက်လောက်အကာအကွယ်မပေးနိုင်ဘူး။
အကို့ဟိုဘက်ပုခုံးတစ်စွန်းနဲ့ ကျွန်တော့်ဒီဘက်ပုခုံးတစ်စက အကျီက ရေတွေစိုပြီး အသားနဲ့တောင်ကပ်နေပြီ။

ဒီကျောင်းမှာ အပေါင်းအသင်းမရှိတဲ့ ကျွန်တော်နဲ့ တစ်ယောက်တည်းဖြစ်နေတဲ့ကျွန်တော့်ကိုငဲ့တဲ့ အကိုက ခပ်မြန်မြန်ဘဲ ရင်းနှီးသွားကြတယ် ..

အရင်က ရှိခဲ့တဲ့ဆက်ဆံရေးထက်ပိုတိုးလို့ ~

အကို့အပေါ်ရှိတဲ့ ခံစားချက်တွေကို ထောင့်တစ်နေရာမှာသိုဝှက်ထားရင်း ကျွန်တော်က ဖြူဖြူစင်စင် အကို့ရဲ့သူငယ်ချင်း၊ ညီငယ်လေးအဖြစ် ကျရာဇာတ်ရုပ်ကိုထမ်းဆောင်တယ်။

မတွေ့ရတဲ့ တစ်နှစ်ကျော်မှာ အကိုကအများကြီးပိန်သွားတယ်
အရင်လို ပါးဖောင်းဖောင်းတွေမရှိတော့ဘူး ၊ ခပ်ပြည့်ပြည့်ရှိတဲ့ မျက်နှာက ချောင်ကျသွားပြီး မေးရိုးတွေ အသေအသပ် ကျကျနန ပေါ်လာတဲ့အထိဘဲ ။

ပိုယောက်ျားပီသ ၊ ပိုချောလာတဲ့အကိုက ကျွန်တော့်ကို နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်စေတယ် ...

အကို့ကို တခြားတစ်ယောက်လက်ထဲ ခပ်လွယ်လွယ် မထည့်ပေးလိုက်ချင်သေးဘူး .

သတိလက်လွတ်ငေးနေတဲ့ ကျွန်တော်က အကို ရုတ်တရတ် ကိုယ်နဲ့တိုက်ထုတ်လိုက်တဲ့အခါ အုတ်ပြားတွေစီခင်းထားတဲ့ လမ်းမပေါ် ဖင်ထိုင်ရက်ပြုတ်ကျတော့တာဘဲ !

အကိုက မျက်လုံးလေးပြူးသွားရင်း ပြာပြာသလဲလာထူတယ် .

"ဝမ် ရလား ... ကိုကိုက မင်းတောင့်ခံထားတယ် ထင်လို့"

မျက်နှာလေး မသက်မသာနဲ့ လက်ကမ်းပေးနေတဲ့ ကိုကို့ကို
စချင်ပေမယ့် မစရက်ဘူး

အထက်တန်းနှစ်တွေတုန်းကတော့ ကိုကို့အပေါ် ကျွန်တော့်အမြင်က ကိုကိုဟာ သန်မာတယ် ၊ ဂျင်လိုမွှတ်နေအောင်လည်တဲ့ လူလည်လေးပေါ့ ... တကယ်တော့ ဒါဟာ မှားမှန်း ကိုကိုနဲ့အနီးကပ်ပေါင်းကြည့်ပြီးမှ သိလာတယ် ..

Page FifteenWhere stories live. Discover now