နေကသူဝင်မယ့်အရပ်ဒေသကိုဘယ်တော့မှမပြောင်းလဲဘူး အဲ့လိုပဲကျွန်တော်တို့ရဲ့ကံကြမ္မာကို ကိုယ်တိုင်မပြောင်းလဲနိုင်ဘူးလေ ကျွန်တော်တို့ကချစ်ဖို့အကြောင်းဖန်လာခဲ့ပီဆိုရင် ရှောင်လွှဲလို့မရဘူး ချစ်ကိုချစ်ကြရတာပဲ တကယ်လို့ ကျွန်တော်တို့ခွဲခွာဖို့အကြောင်းဖန်လာခဲ့ရင်လဲ ဘယ်လောက်ထိချစ်နေပေမယ့် မလွဲမသွေကိုခွဲခွာကြရမှာပဲ
"ကိုကို...ဘယ်မှာလဲ"
နေရောင်ခြည်ကမျက်နှာပေါ်ကျလာမှ မျက်လုံးလေးတေကိုပွတ်သပ်ပီးFlukeထလာတယ် Ohmကိုရှာတော့မတွေ့တာကြောင့် အော်ပီးခေါ်တော့တာပေါ့
"ကိုကို....😭 ဘယ်မှာလဲ"
"ဟာ...ကလေး..ဘာလို့ငိုနေတာလဲ"
"အဟင့်...ကိုကိုဘယ်သွားနေတာလဲ ကလေးကိုထားသွားပီထင်နေတာ😢"
"ဘာများလဲလို့ကလေးရယ် ကိုကိုကဘာလို့ထားသွားရမှာလဲ အခုလည်းကလေးကမ်းခြေသွားချင်တယ်ဆိုလို့ ကိုကို့ဆေးခန်းတောင်ပိတ်ပီးကလေးနဲ့ခရီးထွက်လာတာလေ"
"အာ့ဆို...ဘာလို့ကလေးအနားမှာမနေတာလဲ"
"ကလေးနိုးလာရင်စားဖို့ ကွေ့သီယိုသွားဝယ်နေတာလေ"
"ကွေ့သီယိုလား...🤗ကလေးကြိုက်တယ်"
"ဒါဆိုထ...ကိုယ်အကုန်ပြင်ပီးသွားပီ ရေချိုးပီးထွက်လာခဲ့ ကိုယ်စောင့်နေမယ် ပီးရင်သွားလည်မယ်ဟုတ်ပီလား"
"ရေး...ကိုကိုကအကာင်းဆုံးပဲ မွ😘"
အနမ်းပေးပီးရေချိုးခန်းထဲဝင်သွားတဲ့ဒီကောင်လေးကို ကျွန်တော်အရမ်းချစ်တယ် အခုချိန်မှာကလေးလေးတစ်ယောက်လိုမျိုးသူအရမ်းပျော်နေတယ် အရာအားလုံးကိုမေ့ပီးတော့ပေါ့ ခုလိုပုံစံလေးကသူ့ရဲ့မသိစိတ်ထဲကအပြစ်ကင်းစင်တဲ့ပုံစံလေးပါ သူအခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ရတယ် ဘယ်လောက်တောင်ခံစားခဲ့ရမလဲကျွန်တော်တွေးကြည့်ရုံနဲ့တင်ရင်ဘတ်ထဲမှာစူးအောင့်လာတယ် ဆရာဝန်ပြောသလိုဆိုရင်သူပြန်မှတ်မိလာနိုင်တယ် ကျွန်တော်ကတော့သူ့ကိုဘာမြှပန်မမှတ်မိစေချင်တော့ဘူး
YOU ARE READING
My Badboy❌(Complete)
Fantasy#Romance ကျွန်တော့ဘဝအတွက် အသက်ပေးရလောက်တဲ့အထိချစ်ရမဲ့သူရှိလာလိမ့်မယ်လို့မထင်ခဲ့ဘူး သူကလူဆိုးတယောက်ဖြစ်နေရင်တောင်မှပေါ့ သူကျွန်တော့ကိုမုန်းသွားမှာအရမ်းကြောက်တယ် ကျွန်တော်ကိုယ်တိုင်ကလဲ မကောင်းတာတေအများကြီးလုပ်ခဲ့မိတာပဲ ဒါမဲ့သူမုန်းတာခံမယ...