Unicode & Zawgyi
(Unicode)
စာမျက်နှာ (၄၁)
ကျွန်တော့်စိတ် ထဲက အခဲမကျေမှုက တနုံ့နုံ့နဲ့
တကယ် ခံစားရခက်တယ်။
ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး သူ
ကျွန်တော့်ကို စကား တစ်ခွန်းမှ မပြောခဲ့ဘူး။
ပြန်ရောက်တော့ ကျွန်တော် သူ့ကို လျစ်လျူရှုပြီး
ကားထဲက ဆင်းလိုက်တယ်။
အိမ်ထဲ ဝင်မယ် လုပ်တုန်း ကျွန်တော့်ပုခုံးပေါ် က အေးစက်စက်လေအေးကို ခံစားလိုက်ရတယ်။
ကျွန်တော် ပြန်ကြည့်လိုက်တော့ ပုခုံးပေါ်မှာ ကုတ်အက်ျီ မရှိတော့ဘူး။
ဘယ်ရောက်သွားတာလဲ။
အောက်ပြုတ်ကျသွားတာလားလို့ ကျွန်တော်
ကြည့်တော့လည်း မရှိဘူး။
အောက်မှာ ဘယ်ရှိမတုန်း ။ တစ်ယောက်သောသူရဲ့ လက်ထဲမှာလေ။
ကျွန်တော် သူ့ကို မှုန်ကုပ်ကုပ်နဲ့ ပဲ ပြန်ကြည့်နေလိုက်တယ်။
တကယ်တမ်းဆို ကျွန်တော် သူ့ကို ကုတ်ဖဲ့ပစ်ချင်တာ။ အတော်လေး စိတ်ထိန်းထားရတာ။
သူလည်း ဘာမှ မပြောဘဲ ကြည့်နေတယ်။
ကျွန်တော် စကား မစရင် သူလည်း စမှာ မဟုတ်တော့ဘူး။
ဒီတော့ ကျွန်တော် ပဲ အရင်ပြောလိုက်တော့တယ်။
ကျွန်တော့်ကို အက်ျီပြန်ပေး။
ပိုင်ရှင်ကို ပြန်ပေးရမှာ.....ဆိုပြီးလေ။
အိမ်ထဲဝင်တော့ မအေးဘူးလား..... တဲ့။
သူ့အဖြေက ကျွန်တော့်အမေးနဲ့
မကိုက်ညီသလိုပဲ။
ကျွန်တော် တောင်းတာ အက်ျီလေ။
သူပြန်ပေးရင် ကျွန်တော် ဝင်မှာပေါ့။
သူ့ဆီကို ကမ်းထားတဲ့ ကျွန်တော့် လက်က
လေထဲမှာ ရှိနေဆဲပဲ။
သူက ငေါ့တော့တော့ နဲ့ ထပ်ပြောလာခဲ့တယ်။
ဘာလဲ ထပ်တွေ့ချင်သေးလို့ အကြောင်းရှာနေတာလား...တဲ့။
ဒီလူ တော်တော် အကြောင်းမရှိအကြောင်းရှာ ရန်စနေတာပဲ။
သွေးဆုံးကိုင်ချိန်များ ရောက်နေတာလား မသိဘူး။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...
