“ဝမ်ဟောက်ရွှမ်း ဝမ်ရိပေါ် … ကျေးဇူးရှင်လေးတွေ
ငါ့အမရဲ့ တန်ဖိုးကြီးသားတော်မောင်လေးတွေ မင်းတို့ အခုဆင်းလာကြစမ်း”အောက်ထပ်က လေးလေးယုချန်အော်သံကြောင့် ရိပေါ်နဲ့ ဟောက်ရွှမ်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။
အခုလို မရှိရှိတဲ့ဂုဏ်ပုဒ်ကို ထုတ်ပြီးခေါ်ပြီဆိုရင်ကို
ဒါက ကောင်းသောခေါ်ခြင်းမဟုတ်ဘူးဆိုတာ ညီအကိုနှစ်ယောက်လုံး သိနေကြသည်ကိုး။“ဟေ့ကောင် ရိပေါ် မင်းဘာတွေပြဿနာရှာထားပြန်ပြီလဲ”
“ကောကလဲ .. ကျွန်တော်က နည်းနည်းလေးပိကျိလေးမဆိုစလောက်ပဲ ကွိုင်ရှာထားတာ အဲဒီလိုပြောကြကြေးဆို ကောရော ပြဿနာမရှာလို့လား”
“ငါလဲ နည်းနည်းဆိုမှ နည်းနည်းလေးပဲ ပြဿနာရှာထားတာ”
“အဲဒါများ အရူးချင်းတူတူပဲကို သူက တမူးပိုရှူချင်သေးတယ်”
"နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် အခုတော့ လေးလေးခေါ်နေပြီ သွားရအောင် လာ"
ရွှမ်းကောက ဦးဆောင်ကာ အခန်းထဲက ထွက်သွားတာမို့ ရိပေါ်လဲ အနောက်ကနေလိုက်သွားရတော့သည်။
"လာပါဦး ထိုင်ပါဦးအစ်ကိုတို့တွေ"
"ဟဲဟဲ လေးလေး ကျွန်တော်တို့ကိုဘာပြောဖို့ခေါ်တာလဲ"
"ပြောမလို့မဟုတ်ဘူး မေးမလို့ မေးမလို့ မင်းတို့ဘာတွေပြဿနာရှာထားကြပြန်ပြီလဲ"
"ဟာ လေးလေးကလဲ အဲ့လိုလေသံကြီးနဲ့မမေးပါနဲ့ သားတို့ကဘာလုပ်လို့လဲ"
ရိပေါ်ကနှုတ်ခမ်းစူကာပြောတော့ လေးလေးရဲ့လက်ဖဝါးက ဇက်ပိုးပေါ်ကျလာသည်။ ရိပေါ်ခေါင်းငုံကာရှောင်လိုက်တော့ လေးလေးရဲ့လက်ဖဝါးက ဟောက်ရွှမ်းကောရဲ့ ကျောပြင်ပေါ်သို့ရောက်သွားရသည်။
ဆောရီးပါကောရယ် ကျွန်တော်မရည်ရွယ်ပါဘူး ခုတော့ခံလိုက်ဦးနော်။ ရိပေါ်အတွေးထဲမှ ချစ်လှစွာသောအကိုတော်ကို ပြောလိုက်သည်။
ဟောက်ရွှမ်းမှာတော့ နေရင်းထိုင်ရင်း ရိပေါ်ကောင်းမှုကြောင့် ကျောကော့သွားရသည်။လေးလေးယုချန်ရဲ့လက်စောင်းက တစ်ချက်ဆိုတစ်ချက်လက်စွမ်းထက်သည်လေ။