12(U+Z)

1.9K 163 5
                                    

"သား....ဆန်ပြုတ်ရပြီ..."

အခန်းထဲမှ ထွက်လာသော jungkook ကို အဒေါ်ကြီးက ဆန်ပြုတ်ပန်းကန်လှမ်းပေးတော့...

"သူအိပ်နေလို့ ကျနော် အပြင်ခဏထွက်လာတာ....နိုးလာမှပဲ တိုက်လိုက်တော့မယ်...."

"အော်...အေး...အေး...အဲ့ခါကျမှ ဒေါ်ဒေါ် ပြန်နွှေး ပေးမယ်..."

"ဟုတ်....ဒါနဲ့ အဒေါ်..."

"အေး...သား ​ပြော..."

"အိမ်မှာ ဘာတွေဖြစ်နေလို့လဲ..."

Jungkook မေးလိုက်တော့ မျက်နှာ ချက်ချင်းညှိုးကျသွားသော အဒေါ်ကြီးရယ်ပါ....

"ဟို...ကျနော် စည်းကျော်သလို ဖြစ်သွားပြီ ထင်တယ်...."

Jungkook က အခန်းထဲပြန်ဝင်ရန် လုပ်တော့မှ အဒေါ်ကြီးက....

"ဉက္ကဌ Kim နဲ့ Ho Joon က အဆင်မပြေလှပါဘူး သားရယ်..."

ညှိုးနွမ်းနွမ်းပြောနေသော အဒေါ်ကြီးရဲ့စကားများကို သူဆက်နားထောင်သည်....

"နှစ်ယောက်လုံးကလည်း မိဘတွေ မျက်နှာနဲ့ လက်ထပ်ခဲ့ရတော့ အများအမြင်မှာ နွေးထွေးသလိုရှိပေမဲ့ တကယ်တမ်းက အေးတိအေးစက်နဲ့...နောက်ပိုင်းဆို တစ်ယောက်နဲ့ တစ်ယောက် တွေ့တောင်မတွေ့ဖြစ်ဘူး...အခု ဉက္ကဌက နောက်အိမ်ထောင်ပြုတော့မယ်လို့ပြောနေတယ်...."

"ခင်ဗျာ...."

သူ ဘာ​ပြောရမှန်းမသိအောင် ဖြစ်သွားခဲ့သည်....ဘာကိုမှ မတွေးမိခင် ခေါင်းထဲရောက်လာသည်က ထိုကောင်လေး...သူဘယ်လိုကျော်ဖြတ်မလဲ...

"ဒါဆို အန်တီ ကရော..."

"သူ့ အဒေါ်နေတဲ့ Netherlands မှာ သွားနေမယ်လို့ပြောတယ်...."

"ဒါဆို Kim Tae ကရော..."

"ဉက္ကဌက Tae လေး ကို ဆိုးလ်မှာပဲ နေပြီး ဒီလုပ်ငန်းတွေကိုပဲ ဉီးစီးခိုင်းမှာ...Tae လေးက သိပ်သနားဖို့ကောင်းတာ...ညဘက်တွေလည်း မအိပ်ဘူးလားမသိဘူး...မိဘနှစ်​ယောက်လုံးကလည်း သူတို့အပူနဲ့သူတို့ဆိုတော့ Tae လေးကို အာရုံမစိုက်နိုင်ကြဘူး...."

ဒါတွေကို jungkook မသိခဲ့...ဖေဖေပြောပြသလောက် ဉီးလေး Kim ရော အန်တီရောက တစ်ခါမှ စကားမများဖူးကြသလို နှစ်ယောက်လုံးက ခပ်အေးအေးပင်....

The Pretends Where stories live. Discover now