Part 12

122 10 0
                                    

စူးရှအောင် လာကြိုမယ်ဆိုပြီး အခုချိန်ထိမလာသေးဘူး သူ့ကိုလာကြိုခိုင်းထားတာကို မေ့သွားပြီလားမသိဘူး ဖုန်းဆက်အုံးမှဘဲ

ဒေါ်လွင်သူ"သား ဘယ်သူ့ကိုမျှော်နေတာလဲ စူးရှအောင်ကိုလား ခေါ်ထားလို့လား"

ရဲမြတ်"ဟုတ်တယ် မေမေရေသူ့ကိုခေါ်ထားတာမလာသေးလို့ ဖုန်းဆက်ကြည့်လိုက်အုံးမယ်"

ဖုန်းဆက်တော့ မလာသေးဘူးတဲ့ အိပ်ရာထနောက်ကျလို့တဲ့ ​စိတ်တိုပြီးဖုန်းကျပြီး အိမ်ထဲပြန်၀င်မယ်လုပ်တော့ ကားဟွန်းသံကြားလို့ဘယ်သူလဲမသိဘူး လှည့်ကြည့်တော့ ဟိုချီးထုပ်လေ

ရဲမြတ်"စူးရှအောင် မင်းပြောတော့ မလာသေးဘူးဆိုငါ့ကိုလာနောက်နေတယ်"

စူးရှ"ဟား ကိုကို့ကို စလိုက်တာ လမ်းမှာကိစ္စလေး ပေါ်လာလို့နောက်ကျသွားတာဗျာ အဲ့တာကြောင့်ပါဗျ"

ရဲမြတ်"ငါကတော့ စိတ်တိုလိုက်တာ စိတ်တိုရလွန်းလို့လည်း ငါ့အသက်တိုမှာဘဲ"

စူးရှ"ကိုကိုကလည်း  ဘာတွေပြောနေတာလဲ ယောက္ခမကြီးတွေရော အိမ်ထဲမှာရှိလား"

ရဲမြတ်"ရှိတယ် ဘာလို့ယောက္ခမကြီး ယောက္ခမကြီးနဲ့ ခေါ်ခေါ်နေတာလဲ ဟိုကကြားသွားအုံးမယ်"

စူးရှ"ကြားတော့လဲ ဘာဖြစ်လဲကိုကို ရာ ကျွန်တော်တို့က နောက်ဆိုရင်လက်ထပ်ကျမှာဘဲလေ"

ရဲမြတ်"မသိဘူးဟေ သွားမယ်လာ"

စူးရှ"အန်တီနဲ့ဦးလေးရယ် သားတို့သွားပြီဗျ"

ဒေါ်လွင်သူ"အော်အေးသား ကောင်းကောင်းသွားကြ"

လမ်းထဲရောက်တော့ စူးရှအောင်တစ်ယောက် ပြုံးစိပြုံးစိ နဲ့

စူးရှအောင်"ကိုကို ဘယ်သွားမှာလဲ"

ရဲမြတ်"မင်းတို့အိမ်ကိုမောင်း"

စူးရှအောင်"ကိုကိုက ကျွန်တော့်တို့အိမ်ကို ဘာသွားလုပ်မလို့လဲ"

ရဲမြတ်"ပါချုပ် ခေါ်ထားလို့လေ အဲ့တာကြောင့်လေ ဘာလို့လဲ မသွားရဘူးလား"

သူ့မိသားစု အကြောင်းပြောတော့ ရုတ်တရက် ငြိမ်သွားတယ် စူးရှအောင်ကသူ့မိသားစုကို
စိတ်တော်တော်နာနေတာဘဲ ငါသူတို့မိသားစုကို
အရင်လိုပြန်ဖြစ်အောင် လုပ်ပေးရမယ်

Where is my love???Where stories live. Discover now