part-1

8.6K 604 39
                                    

Unicode

"24hoursပဲခံတဲ့ my dayမှာလဲမနေနဲ့
အများသိအောင် ကြွားတတ်တဲ့ profileမှာလဲ မနေနဲ့ ကိုယ့်ရင်ခွင်ထဲသာ တစ်သက်လုံး လာနေ"

Fbတွင် ထိုstatusတင်ပြီးနောက် commentတွင် တစ်ယောက်တစ်ပေါက် ရေးလာကြသော ငနာတစ်သိုက်။

ဟောက်ရွှမ်း- "အံမယ် faကြီးက စကားတွေတတ်"

ကျိရန်- "သင်ပေးပါအုံး အယ်ကိုကြီးရေ"

လင်းရှန့်- "ကျောင်းkingကြီးတစ်ယောက် feelနေပြီဟေး"

mentတွေဖတ်ရင်း ရိပေါ်တစ်ချက်ပြုံးလိုက်သည်။ ပေါက်ကရတွေမန့်ရမယ်ဆို သူ့သူငယ်ချင်းတွေက ထိပ်ဆုံးမှဖြစ်သည်။

"တောင်"

နောက်ထပ် မန့်တစ်ခု ဝင်လာလို့ ရိပေါ်ကြည့်မိတော့ ယောက်ျားလေးပုံကိုမှ အနောက်ဘက်ပဲ ပြထားပြီး ရှုခင်းငေးနေသည့်ပုံ။ နေဝင်အံ့ဆဲဆဲအချိန်မှာ ရိုက်ထားတာမို့ ထိုသူရဲ့ပုံဟာ သိပ်မပေါ်လွင်။ ထိုပုံကို မြင်လိုက်သည်နှင့် ခပ်ဆွေးဆွေးmoodက ဝင်လာသည်။ ပျော်ပျော်နေတတ်တဲ့ ရိပေါ်အတွက် ထိုခံစားချက်ကြီးက မအီမသာ။ အကောင့်nameကို ဖတ်လိုက်မိချိန်မှာ ပိုဆိုးသွားရသည်။ waiting for youတဲ့။ ချီးကို ဝိတ်တင်းလိုက်။

ထိုသူမန့်ထားသည်က အသဲပုံနီနီ emojiလေး တစ်ခုရယ်သာ။ ရိပေါ်လည်း replyပြန်မနေပဲ လိုင်းပေါ်ကဆင်းလိုက်သည်။

ခဏအကြာ သူပြန်တက်လာပြန်သည်။ ထိုသူအား ဘာရယ်ကြောင့်မသိ သူနည်းနည်းတော့ စိတ်ဝင်စားမိသည်။ အကောင့်ထဲဝင်ကြည့်တော့ သူ့ကိုaddထားတာမဟုတ်။ ဒါဆို သူ့ကို followလုပ်ထားလို့ပေါ့။

အင်း...သူ့ကိုfollowလုပ်ထားတာကလည်း အဆန်းကြီးရယ်တော့မဟုတ်ပါ။ သူက ကျောင်းရဲ့kingမလား။ အဟမ်း...

ချောင်းတစ်ချက်ဟန့်ရင်း Accပိုင်ရှင်ရဲ့ wallထဲဝင်မွှေတော့ ဘာမှထွေထွေထူးထူး တင်ထားတာမတွေ့။ ပန်းချီပုံအချို့နဲ့ ကဗျာစာတိုလေးအချို့သာရှိသည်။ သူစိတ်ဝင်စားလောက်မယ့်postမျိုး မတွေ့။

ဘာကြီးလဲကွာ။ အကောင့်က ပျင်းစရာကြီး။ ကြည့်မိတဲ့သူ့ရဲ့ အမှားပဲထားပါတော့။

CRUSH [Completed]Where stories live. Discover now