Part 25

8.3K 569 8
                                    

"ကျွန်တော် အနားယူချင်ပြီ အကိုရိပေါ် "
ကိုကို့ရဲ့ အဲ့လူကို ချစ်လို့လားဆိုတဲ့ မေးခွန်းကိုတော့ ကျန့်မဖြေချင် လိမ်ပြီးလည်းမဖြေ ချင်တာကြောင့် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက စကားလမ်းကြောင်းပြောင်းဖို့ပင်

"ဒါဆိုလည်း နားတော့လေ ကျန့်
အလုပ်ကိစ္စကို တော့ ကျန့် manager နဲ့ပဲ ပြောထားလိုက်တော့မယ်"

ကျန့်သူမေးတာကို မဖြေချင်လို့ တမင်ပြောမှန်း သူသိတယ် ဒါပေမယ့် ကျန့်ကို  စိတ်မရှုပ်စေချင်တာကြောင့် ထပ်မမေးဖို့ပဲ ဆုံးဖြတ်လိုက်တယ် လောစရာမလိုဘူး
ကျန့်အချစ်ကို ​ဖြေးဖြေးချင်းပဲ သိမ်းပိုက်ယူမယ်

"ဟုတ် အကိုရိပေါ် "

ကို​ကို ထွက်သွားမှပဲ တင်းထားတဲ့ ကျန့်ရဲ့ စိတ်တွေကို လျှော့ချပြီး
နီးရာ ကုတင်ပေါ်ထိုင်ချမိတယ်
သူ့ဘဝက လိုတာမရ ရတာမလို ဆိုတဲ့ ဘဝမျိုး
သူကိုကို့ကိ​ု အရမ်းချစ်နေချိန်တုန်းကတော့ ကိုကိုက သူ့ကို မချစ်ခဲ့ဘူး
ကိုကိုက ပြန်ချစ်လာတဲ့ အချိန်ကျတော့​လည်း အရွဲ့တိုက်ချင်စိတ်နဲ့ ထားခဲ့လိုက်တယ် ဒီကိစ္စအတွက် ငါးနှစ်လုံးလုံး နောင်တမရခဲ့ဘူး
ကိုယ့်စိတ်ကိုယ် အဆုံးထိလျစ်လျူရှုခဲ့တာမို့
ကိုကို့ရဲ့အချစ်ကိုလည်း ခနတာအတွက်ပဲ ထင်ခဲ့မိတာ
ခုတော့နောင်တရချင်လာပြီ
ကိုကိုရော သူရော နှစ်​ေယာက်လုံးက ချစ​်နေသေးပေမယ့်
တစ်ချိန်လုံး ဂရုစိုက်ပေးလာတဲ့ မားနဲ့ ကောကို လျစ်လျူရှုထားလို့ မရပြန်ဘူး
သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ ဒီလိုရှုပ်ထွေးတဲ့ အခြေအနေတွေကို သူကိုယ်တိုင် ဖန်တီးခဲ့မိတာလေ
  သူရွေးချယ်မှုတွေပဲ လွဲမှားခဲ့တာလား ဆုံးဖြတ်ချက်တွေပဲ မှားယွင်းခဲ့တာလား မသိပေမယ့်
အခုချိန်က အရာအားလုံးကို သေချာစဥ်းစားပြီးမှ လုပ်သင့်တဲ့ အချိန်ရောက်နေပြီ
နောက်ဆုံးမှာတော့ အကောင်းဆုံးအရာကို ရွေးချယ်နိုင်မယ်လို့ မျှော်လင့်မိတာပဲ

ရိပေါ် ကျန့်ရဲ့ အခန်းက ထွက်လာပြီး
ယန်ယန်က တဆင့်
လုချင်ဖေး ကို အလုပ်ခန်းထဲ လွှတ်ဖို့ ပြောပြီး
အလုပ်ခန်းကိုပဲလာလိုက်တယ်
လုချင်ဖေးဆိုတာ ဝမ်အိမ်တော်ထိန်းရဲ့ တူ
လုချင်ဖေးရဲ့ ပညာရေးကို ဝမ်အိမ်ကပဲ တာဝန်ယူခဲ့တာ ရည်ရွယ်ချက်ကတော့ ဝမ်ပါးက ဝမ်ရိပေါ် ရဲ့ လူယုံ အဖြစ်ထားဖို့ရည်ရွယ်ခဲ့တာ ရိပေါ်ကို company လွှဲပြောင်းပေးတဲ့အချိန် ပညာတွေ စုံနေပြီဖြစ်တဲ့ လုချင်ဖေးကို ပါ အတွင်းရေးမှူးအဖြစ် တခါတည်း ထည့်ပေးခဲ့တာ
ဝမ်ပါး ကိုယ်တိုင်ရွေးချယ်ထားတဲ့ သူမို့ အရည်အချင်းပြည့်ဝ တဲ့ လူတစ်ယောက်ဖြစ်သလို
အလုပ်လုပ်တာစေ့စပ်သေချာပြီး ယုံကြည်ရတဲ့ ချင်ဖေးကိ​ု တစ်နှစ်အကြာမှာပဲ
ကျန့်အနား ရောက်အောင်ပို့ပေးခဲ့တယ်
အရည်အချင်းပြည့်ဝနေတဲ့ လုချင်ဖေးလို
managerမျိုးကို စိတ်သ​ဘောထားကောင်းလှတဲ့ တက်သစ်စ idolလေးကလည်း လက်လွတ်မခံခဲ့ဘူး
ကျန့်ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ
လုချင်ဖေးက တစ်ဦးတည်​းသော manager မို့ ကျန့်ရဲ့ အကြောင်းတွေ သည်၏မရွေးသိရဖို့က မခက်ခဲခဲ့ဘူး
လုချင်ဖေးကလည်း သစ္စာရှိပြီး ယုံကြည်ရတဲ့သူမျိုးမို့ ကျန့်အနားထားဖို့ စိတ်ချခဲ့တာ

 🐱အချစ်ရဲ့နည်းလမ်း🐰{Completed}Where stories live. Discover now