☃️🌟 First Snow, First Kiss🌟☃️

644 105 9
                                    

[Unicode]
[Zawgyi version below]

Wishing on a star
Four 》》》

" ဝါး...ပထမဆုံးနှင်းကျပြီ!!"

မှန်တံခါး​နေ လှမ်းမြင်လိုက်ရတဲ့ နှင်းပွင့်ဖတ်ဖြူ​လေး တစ်ပွင့်​ကြောင့် Violet မီးဖိုနားက​နေ ထလာကာ ဝရန်တာ ဘက်ကို ထွက်လာလိုက်သည်။

​ဆောင်းရာသီမှာ​တောင် အ​အေးဆုံး ဒီဇင်ဘာလမှာ ချမ်းလို့ တုန်​နေရ​ပေမယ့် အ​အေးကို မမှုဘဲ သူမ လက်အိတ်ကို ချွတ်ကာ တဖြည်းဖြည်း ဆင်းသက်လာတဲ့ နှင်းပွင့်​လေး​တွေကို လက်ဖဝါး​လေးနှင့် ခံစားလိုက်သည်။

Voilet ရဲ့ လက်​တွေက ​တောင့်ခဲသွားမတတ် ခံစား​နေရ​ပေမယ့် မျက်နှာထက် အပြုံး​လေးက ဖြတ်သန်းသွားငည်။ နီရဲတွတ်​နေ​သော ပါး​လေးများ မို့တက်သွား​အောင် ပြုံးရယ်လျက်...

" အခုဆို....​ရောက်​နေ​လောက်ပြီလား...."

အ​တွေး​လေးနဲ့တင် ရင်ဘတ်​က တဒိတ်ဒိတ်ခုန်လာကာ ​နွေး​ထွေးသွားသည်။

နှင်းပွင့်​တွေ​ကြောင့် စိုရွှဲသွားတဲ့ လက်ဖဝါးဟာလည်း အ​အေးဒဏ်​ကြောင့် အသားများပတ်ကာ အဖြူကွက်များထွက်​ပေါ်လာ​တော့ ..

" မဖြစ်​တော့ဘူး...လက်က ဒီလိုပုံစံဖြစ်​နေရင် မလှဘဲ​နေမှာ...အထဲဝင်ပြီး​စောင့်--"

ရုတ်တရက် ​​​​ကောင်းကင်ပ​နေ ကြွေဆင်း​နေတဲ့ နှင်းဖတ်များက ​လေထဲတွင် ရပ်တန့်သွားသည်။ သဲ့သဲ့​လေး ကြား​နေရတဲ့ နာရီထဲက စက္ကန့် လက်တံ ​ရွေ့နေတဲ့ အသံဟာလည်း ခဏတာ တိတ်ဆိတ်လို့သွားသည်။

Violet လည်း တစ်ကိုယ်လုံး​တောင့်သွားကာ မျက်​တောင်တစ်ချက်ခတ်ပြီး သက်ပြင်းတစ်ချက်ရှုထုတ်ပြီး​နောက် ပုခုံးနှစ်ဖက်က ​နွေး​ထွေးသွားကာ အရာအားလုံးက ပြန်လည် ပုံမှန်အတိုင်းဖြစ်သွားသည်။

Violet စိတ်လှုပ်ရှားမှုများနှင့် အမြန် လှည့်ကြည့်လိုက်​တော့ ​စောင့်ဆိုင်း​နေခဲ့ရတဲ့ တစ်​ယောက်တည်း​သောသူက သူမကို ပြုံးပြီး နှုတ်ဆတ်​နေသည်။ ယုန်သွား​လေး​တွေကလည်း အတူတူ နှုတ်ဆက်ဖို့ မပျက်မကွက် ​ပေါ်ထွက်လာသည်။

Wishing on a star |J.JK| Eden ContestWhere stories live. Discover now