.. ၁၉၂ ..
6.9K 770 34
《Zawgyi》
အပိုင်း - ၁၉၂
[ဘာလို့ အလှပဂေးတွေအများကြီးကို ရန်သွားစရတာလဲ - ၃]
ချန်းစီနျန်ဟာ ကျွမ်ကျူးရှိနေတဲ့ဘားသို့ ရောက်သွားပြီး အတန်ကြာရှာဖွေကြည့်တော့မှ အပေါ်ထပ်ထောင့်စွန်းမှာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူ ဝင်ထိုင်လိုက်တာနဲ့ ကျွမ်ကျူးက ပုလင်းကို ကမ်းပေးလာသည်။ "သောက်ကွာ!"
"ဒါဆိုလည်း ယဉ်ကျေးမနေတော့ဘူး"
ချန်းစီနျန်က တစ်ငုံမော့သောက်လိုက်၏။ သူ့ဇနီးကို ချော့ဖို့ရှိသေးသည်။ မူးသွားလို့ကတော့ တကယ်ပဲ ဧည့်သည်ခန်းမှာ အိပ်ရလိမ့်မည်။
ကျွမ်ကျူးဟာ သူ့သူငယ်ချင်းရဲ့မျက်နှာထက်က အပြုံးကိုတွေ့တော့ ဒေါသတကြီး ပြန်ဖြစ်လာ၏။
"ချန်းစီနျန် ... ဒါက လက်ထပ်တာလေးပဲ မဟုတ်ဘူးလား? ဘာတွေများ ကြီးမြတ်နေစရာရှိလဲ ဟမ်? နေ့တိုင်း စောင်ရမ်းပျော်နေသလို မနေပြရင် အသတ်ခံရမှာမလို့လား? မင်းမျက်နှာကြီးမြင်ရတာ ငါ ပိုဒေါသထွက်လာပြီ!"
"အိုး ငါ ချက်ကောင်းကို ထိလိုက်မိသွားတာလား?"
"သေချာတာပေါ့"
"ကောင်းတယ်"
"ချန်းစီနျန်! ဝဋ်ဆိုတာကြီးက ပြန်လည်ပြီး မင်းဖင်ကြီးကိုလာကိုက်လိမ့်မယ် ... မကောင်းဆိုးဝါးကောင်"
"ငါ့မှာက ငါ့ကိုချစ်မယ့်မိန်းမရှိပြီးသား"
"ဒီမြို့က သူဌေးတွေထဲမှာ လက်ထပ်ပြီးတာတောင် လှည့်ဖြားခံနေရတာတော့ မင်းတစ်ယောက်ပဲရှိတယ်ဆိုတာ ငါလောင်းရဲတယ်"
ကျွမ်ကျူးက နှာခေါင်းရှုံ့သည်။
"မင်းကဖြင့် လက်မထပ်ဖူးသေးပဲနဲ့ ဒါတွေဘယ်လိုလုပ် သိမှာလဲ"
အခုအချိန်မှာတော့ ချန်းစီနျန်ဟာ သူ့သူငယ်ချင်းက အဘယ်အတွက်ကြောင့် စိတ်အခြေအနေ မကောင်းနေရသလဲဆိုတာ ဖော်ထုတ်နိုင်သွားပြီဖြစ်၏။
"ဆိုတော့ ဒီတစ်ခေါက်က ဘယ်မိန်းကလေးလဲ? ကောလိပ်ကျောင်းသူလေးလား? နာမည်ကြီးမော်ဒယ်လား? ဒါမှမဟုတ် ဘယ်မိသားစုက သမီးလဲ?"
ကျွမ်ကျူးက လှောင်လိုက်၏။
"မင်းက ငါ့ကိုများ မေ့ပေလို ကလေးမုန့်ပေးကြိုက်တယ် ထင်နေလား?"