💚part-1💚

34 2 4
                                    


"ကျန့်​​ကော ဒီဆိုင်​ကိုကြိုက်​ရဲ့လား"

coffee တစ်​ငုံ​သောက်​လိုက်​ပြီး ​​ရှေ့ကလူသားရဲ့အ​မေးကို ​​ထောက်​ခံသည့်​သ​ဘောဖြင့်​​ခေါင်းညိတ်​ပြလိုက်​သည်​။

ဟုတ်​​တော့လည်းဟုတ်​သည်​​လေ။love coffee ဆိုသည့်​အမည်​နှင့်​အညီ ဆိုင်​၏အပြင်​အဆင်​ကလည်း မျက်​စိနှင့်​ပနံသင့်​စွာလှပလွန်းသည်​။

ချိတ်​ဆွဲထားသည့်​ အနီ​ရောင်​အသည်းပုံ​လေး​တွေကလည်း လှပညီညာစွာ တွဲ​လောင်းကျလျက်​...။ပန်းအိုး​ပေါ်တွင်​ အနီ​ရောင်နှ​င်းဆီပန်းတစ်​ပွင့်​သာထိုးထား​သော​ကြောင့်​ မျက်​စိထဲရှင်းသလို တစ်​မျိုး​လေးလည်းကဗျာဆန်​လွန်းလှသည်​။

ဆိုင်​နံရံ၏ colourကိုလည်း pink colour သုံးထားသည်​။

ကြည့်​ရတာ စိတ်​ကိုတစ်​မျိုး​လေးလည်းနူးညံ့​စေသည်​။

"coffee ​ရော​သောက်​လို့​ကောင်းလား"

"အွန်း...ခါးမ​ယောင်​​ယောင်​နဲ့ချိုစိမ့်​စိမ့်​​လေး​သောက်​လို့​ကောင်းတယ်​"

"​တော်​​သေးတာ​ပေါ့...ကျန့်​​ကောကြိုက်​လို့"

ရှေ့ကလူသားက ထိုစကားဆိုပြီးသည်​နှင့်​ ​ရှောင်းကျန့်​တစ်​စုံတစ်​​ယောက်​ကို သတိရမိသွားရသည်​။
ဒီအချိန်​မှာ ဆိုင်​ထဲပျံ့ လွှင့်​လာတဲ့ အချစ်​သီချင်းကလည်း ​ရှောင်​ကျန့်​ရဲ့သတိရမှုကို ပိုပြီး​တော့​ဆွေး​မြေ့​စေသည်​။

"ကျန့်​​ကော ဒီ​နေ့အားတယ်​မလား"

"အွန်း...အားတယ်​"

"ဟီး...​ပျော်​လိုက်​တာ ကျန့်​​ကောနဲ့​လျှောက်​လည်​ရ​တော့မယ်​"

အားတယ်​ဆိုသည့်​စကားအဆုံး မျက်​လုံး​လေးမှိတ်​သည်​အထိ ​ပျော်​ရွှင်​စွာရယ်​ပြလာသည်​က ကျား​ဝေဆိုသည့်​လူငယ်​​လေးရယ်​ပါ​လေ...။

ရယ်​လိုက်​ရင်​ ​ပေါ်လာသည့်​သွားတက်​က​လေးက မျက်​နှာ​သေး​သေး​လေးနဲ့လိုက်​ဖက်​လွန်းလှသည်​...မျက်​ရစ်​မရှိမပါဘဲနဲ့ စွဲညို့အား​ကောင်းတဲ့မျက်​ဝန်းအစုံကလည်း တစ်​မူထူးခြားလွန်းလှသည်​...ပန်းနု​ရောင်​နှုတ်​ခမ်းဖူးဖူး​လေးနဲ့ နှာတံစင်းစင်း​လေး​တွေကလည်း ​ကောင်​မ​လေး​တွေရဲ့ အသည်းစွဲလို့ ဆိုရင်​လည်းမမှား....

💚next chance💚(complete)Where stories live. Discover now