• Merry Christmas, Hyung •

1.2K 165 83
                                    

အေးစိမ့်စိမ့်ညချမ်းလေး...
နှင်းမကျပေမဲ့ လေညင်းတွေတိုက်ခတ်ပြီး ရာသီဥတုကအေးစိမ့်လွန်းနေသည်။ သို့ပေမဲ့လဲ hoodieအပါးတစ်ထည်နဲ့ ခေါင်မိုးထပ်က အခင်းလေးမှာ အိပ်ရင်း ကောင်းကင်ကို မော့ကြည့်နေမိတဲ့သူ။ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကိုကြည့်ပြီး လွမ်းလွမ်းဆွေးဆွေးပြုံးလိုက်မိသည်။

“ ဟက်ပီဘတ်ဒေးပါ အစ်ကို ”

နှုတ်ဖျားကနေ ဖွဖွလေးထွက်သွားပေမဲ့ မကြားနိုင်တဲ့အစ်ကိုကတော့ တစ်နေရာရာမှာ ပျော်ရွှင်စွာနဲ့ မွေးနေ့ပွဲကို ကျင်းပနေမှာ သေချာသည်။
လက်ဆောင်လေးတွေမြင်ရင် မျက်ဝန်းတွေရော နှုတ်ခမ်းထူထူလေးပါ ကော့ညွှန့်နေအောင် ပြုံးတတ်တဲ့အစ်ကို ...
ဒီနှစ်ရော ချစ်ရသူနဲ့ တွဲလက်မဖြုတ်ဘဲ အပြုံးပန်းဆင်နေဦးမှာလား ...
ဘာဖြစ်လို့များ ကျွန်တော်မဖြစ်နိုင်ခဲ့တာလဲ အစ်ကို...
ပြန်တွေးကြည့်ရင် ကျွန်တော်က သတ္တိမရှိခဲ့လို့နဲ့ တူပါရဲ့ ...

ဒီနေ့ ဒီဇင်ဘာလ လေးရက်နေ့ ...
ခေါင်မိုးထပ်မှာ ကြယ်တွေကြည့်ရင်း အတိတ်ကို အတွေးရွက်လွှင့်မိတဲ့ကောင်လေးတစ်ယောက်ရှိခဲ့သည်။ သူ့နာမည်က ကင်နမ်ဂျွန် ....။

×××××××

လွန်ခဲ့သောငါးနှစ် ...
( ၂၀၁၅ခုနှစ်၊ စီနီယာ ဒုတိယနှစ် )

“ ဘယ်လိုလဲ နမ်ဂျွန် စီနီယာက မင်းပေးတဲ့လက်‌ဆောင်ကို သတိထားမိရဲ့လား ”

အပြုံးချိုချိုနဲ့ သူငယ်ချင်းဟိုဆော့က ပြောလာလျှင် နမ်ဂျွန်းခေါင်းခါလိုက်မိသည်။

“ ငါပေးတဲ့လက်ဆောင်က သာမန်ပဲလေ အစ်ကိုက အရေးတယူ ကြည့်မှာမဟုတ်ဘူး ”

“ မွေးနေ့ပဲရှိသေးတာကွာ ခရစ္စမတ်ကျမှ ထပ်ပြီးစပရိုက်လုပ်ကြတာပေါ့ ... မဟုတ်ရင်လဲ ဖွင့်ပြောလိုက်ပါလား... လက်ဆောင်တွေထဲမှာ စာတွေဖွက်သွားတာကတော့ သဘာဝမကျသေးဘူး ... စီနီယာက ရေပန်းစားတာသိရဲ့သားနဲ့ လက်ဆောင်အများကြီးကို သူကဘယ်လိုလုပ်အသေးစိတ်ကြည့်နေနိုင်မှာလဲ ”

အဲ့ဒီတုန်းက ဟိုဆော့ပြောတော့ သူခေါင်းညိတ်ရုံက လွဲ ဘာမှမတတ်နိုင်ခဲ့။ အစ်ကို့ရှေ့ရောက်ရင် နှုတ်ဆက်စကားကိုတောင် ဖြောင့်အောင်မပြောနိုင်တာလေ ။ ချစ်ခွင့်ပန်ဖို့ဆိုရင် နေရာမှာတင် အေးခဲသွားနိုင်လောက်သည်။ ဒါပေမဲ့ သူလက်မလျော့ခဲ့ပါ။ ၂၀၁၅ခုနှစ်ရဲ့ ခရစ္စမတ်ညလေးမှာတော့ ပစ္စည်းသေးသေးလေးတွေသဘောကျတတ်တဲ့အစ်ကို့ကို ဖန်ခွက်‌လေးတစ်လုံး လက်ဆောင်ပေးမိသည်။ အဲ့ဒီ့ထဲမှာလဲ ချစ်တဲ့အကြောင်းတွေ ရေးထားတဲ့စာတစ်စောင်ပါသည်။ အစ်ကိုဖွင့်ကြည့်ခဲ့ပါသည်။ သို့ပေမဲ့ သူ့စာကိုတော့ မမြင်ခဲ့ပါ။ အကြောင်းရင်းက ဖန်ခွက်အောက်ခြေရဲ့စာရွက်အောက်ကို အစ်ကိုမကြည့်ခဲ့ဘူးလေ။

Merry Christmas, Hyung!! ( Eden Contest ) ✓Where stories live. Discover now