Final (U)

5.8K 676 26
                                    

"မင်း ဘာဖြစ်ချင်သလဲ ရှောင်းကျန့် ..?"

"ကျွန်တော် .. ကျွန်တော် အဲ့မိန်းမကိုသတ်ချင်ပါတယ် ..."

ဟုတ်တယ် ..
ရှောင်းကျန့် အဲ့အမျိုးသမီးကိုသတ်ပစ်ချင်တယ် ..။
အဲ့အမျိုးသမီးက ရှောင်းကျန့်နဲ့ သူ့အမေကို ကားနဲ့တိုက်ခဲ့တာ ..။
ပြီးတော့ သေအောင် ပစ်ထားခဲ့တာ ..။

"အညှိုးတရားပြည့်ဝတဲ့ ဝိဉာဉ်မလို့ မင်းရဲ့ လွတ်မြောက်မယ့် ဘဝတိုင်းကို အချုပ်နှောင်ခံပေးဆပ်ရလိမ့်မယ် ...။"

"အဆင်ပြေပါတယ် .."

"မင်းရဲ့ လူသေစေမှု ပြစ်ဒဏ်ဟာကြီးလေးလွန်းလို့ အနှစ်တစ်ထောင်တိတိ သေမင်းတမန်အနေနဲ့ ဆက်တိုက်တည်ရှိနေရမယ် ..။
မင်းကျူးလွန်ခဲ့တဲ့အပြစ်ကို ကာယကံရှင်က ခွင့်လွှတ်ပါတယ်ဆိုတဲ့ စကားပြောမှသာ မင်းက ကျွတ်လွတ်တော့မယ်.."

"ရပါတယ် ..."

ရှောင်းကျန့်ခေါင်းထဲ မူးနောက်သွားတယ် ..။
ဒါဘာတွေလဲ ... ဘာစကားတွေလဲ ...?
သူက အသည်းရဲ့ အမေကို သတ်ပစ်ခဲ့တာလား ..?
သူကလေ .. ?

တော်တော်ကြီး ငူငူငေါင်ငေါင်ဖြစ်သွားခဲ့ပြီး ပြန်အသိဝင်လာတဲ့အချိန် နတ်ဆိုးကဖမ်းဆီးခံလိုက်ရပြီ ..။

ရိပေါ်ကတော့ သူ့ကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေပါတယ် ..
သူက ရိပေါ်ကို စွမ်းအားတစ်ဝက်လွှဲထားတာဖြစ်လို့ သူသိသွားတဲ့ တစ်ပြိုင်နက် ရိပေါ်ပါ တန်းသိသွားတော့တာပေါ့ ...

"အသည်း ..."

"မလာနဲ့ .. အနား မလာနဲ့ ..."

"အသည်း .. ကိုယ် ..."

"အနား မလာနဲ့လို့ ပြောနေတယ်လေ !"

အော်သံက အခန်းထဲ ပဲ့တင်ထပ်သွားတယ် ..။
အသည်းကဆောက်တည်ရာမရသလိုမျိုး ကြောင်နေတယ် ..။
အဖြစ်မှန်ကို လက်မခံနိုင်ပုံရတယ် ..။
သူကိုယ်တိုင်လည်း လက်ခံလို့မရဘူး ..။

စိတ်မကောင်းပါဘူး အသည်းရယ် ..။
ကိုယ်မင်းကိုတော့ တကယ်ချစ်ခဲ့တာပါကွယ် ..။

~~~~~~~

ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း Midnight ဟာ ပိတ်သွားခဲ့တယ် ..။
သရဲတစ္ဆေတွေလည်း ဘုံပျောက်နေပေမယ့် သူတို့ရှာနေတဲ့ ကိုလူချော bartender ဟာ ပြန်ပေါ်မလာတော့ ..။
ကိုလူချောရဲ့ သေမင်းတမန်ကလည်း ပျောက်ဆုံးနေဆဲ ...။

The Midnight Bar (Completed)Where stories live. Discover now