Episode-7

4.9K 421 3
                                    

Zawgyi Version

' ဂျွန်ဂျောင်ကု '

ခပ်​မာမာ​လေသံ​ကြောင့် လှည့်ကြည့်လိုက်သည်

' ဟင်​ ဖေဖေ '

' အ​လေလိုက်​​နေရတာ ပျော်ရဲ့လား ဂျွန်ဂျောင်ကု
Jeon Groupမှာသာ Gayနေတဲ့သားတစ်ယောက်ရှိတယ်ဆိုတာ လူတွေသိသွားခဲ့ရင် ငါ့သိက္ခာက အရည်ရောအဖတ်ရော ဆယ်မရတော့ဘူးဆိုတာ မင်းမသိဘူးလားကွ မိဘမျက်နှာအိုးမဲသုတ်ချင်တဲ့ကောင် အိမ်ပြန်လိုက်ခဲ့ '

' ဟင့်​အင်း ဖေဖေ သားမလိုက်​ဘူး '

ကားထဲမှလူနှစ်ယောက်​ ထွက်လာပြီးဂျောင်ကုကိုဖမ်းကာ ကားထဲအတင်းသွင်းသည်

' မင်းအဖေကို မဆန့်​ကျင်​ပါနဲ့​တော့ သားအရွယ်​က​အေး​အေးချမ်းချမ်း ပညာသင်​ရမယ့်​အချိန်​​လေ '

ကုတင်​​ပေါ်တွင်​ နှုတ်​ခမ်းဆူကာ စိတ်​​ကောက်​​နေသည့်​ဂျောင်ကု

' သားဆိုး​နေတာ မဟုတ်​ဘူး ​မေမေ ​ဖေဖေ့ကို​အေး​အေးချမ်းချမ်း​လေး​ ​နေ​စေချင်​တယ်​ ဘာ​တွေ အာဃာတထား​နေရတာလဲ ဘာလို့လူ​တွေလိုက်​သတ်​​နေတာလဲ '

' သားမသိပါဘူး သားအ​ဖေငယ်​ငယ်​က စိတ်ဒဏ်ရာတချို့ သိခဲ့လို့ မင်းဖေဖေကိုဒီအချိန်ထိနားလည်ခွင့်လွှတ်ပေးနိုင်ခဲ့တာ'

ဂျောင်ကု သူ့အ​မေရဲ့  အတိတ်​ကဖြစ်​ရပ်​များသို့ လိုက်​ပါသွားခဲ့သည်

.

'​တော်​​တော်​မိုက်​တဲ့ သမီးမိုက်​ အိမ်​မှာခိုင်းတဲ့ အလုပ်​သမားကိုမှ ​တောက်​ ရိုင်းလိုက်​တဲ့သမိုင်း'

အခန်း​ထောင့်​မှာငို​ကြွေး​နေတဲ့
မိန်းမပျို​လေးတစ်​​ယောက်

' ကြိုက်​စရာဒီ​လောက်​ရှားရလား ဟမ်​ အဲ့​လောက်​​ယောက်ျားရှားသလား '

'ဟင့်​အင်း Daddy အချစ်​ကဂုဏ်​ဒြပ်​​တွေနဲ့ တိုင်းတာရတာမဟုတ်​ဘူး ဂျွန် ကလည်းDaddyရဲ့ဂုဏ်​ပကာသန​တွေကို မက်​​မောတဲ့လူစားမျိုးမဟုတ်​ဘူး'

'ဒီ က​လေးမ'

ပြင်းထန်​တဲ့လက်​ဝါးရာကြီးက မီယောင်းရဲ့ပါး​ပေါ်ပူခနဲ

Where (Completed)Where stories live. Discover now