Ch-5

5.5K 725 37
                                    

{ Unicode }

ငယ်ရွယ်ခြင်းတို့သည်လွတ်လပ်၏။

"ရှောင်းကျန့်"

"အင်းးး"

သံရှည်ဆွဲရင်းပျင်းတိပျင်းရွဲပြန်ထူးတဲ့ရှောင်းကျန့်ကလေသံနဲ့လိုက်ဖက်ညီစွာ လေးပင်နှေးတုံ့နေတဲ့ခြေလှမ်းတွေနဲ့လျှောက်နေတယ်။

"ဘာဖြစ်နေတာလဲ...ပင်ပန်းလို့လား..လမ်းကောင်းကောင်းလျှောက်စမ်းပါ"

အကုန်လုံးကျောင်းဆင်းသွားထဲက လဒမှိုင်မှိုင်နေတဲ့ရှောင်းကျန့်က မျှော်လင့်ချက်ကြီးမားလွန်းသည့်တဖိတ်ဖိတ်တောက် မျက်၀န်းကြီးတွေနှင့် ကျောင်းဆင်းသွားတဲ့လူတွေကိုလိုက်ကြည့်နေတာ ၀မ်ရိပေါ်သတိထားမိတယ်။အခုလည်း၀မ်ရိပေါ်ပြောနေတာကိုခေါင်းလေးခါရုံပဲခါပြတယ်။

တတိယထပ်ကိုတက်ရမဲ့လှေကားစပ်ကိုရောက်တော့  ရှောင်းကျန့်ကလှေကားလက်ရန်းဘောင်ကိုမှီချလိုက်ပြီးအော်လေတော့သည်။

"အားး...မသွားချင်ဘူး..ကျောင်းကောင်စီဥက္ကဌကိုပြောပေးပါလားကွာ..ငါဒီနေ့ဘာမှမလုပ်ချင်ဘူး..အိမ်ပြန်ချင်တယ်"

မျက်စိကိုစုံမှိတ်ခေါင်းကိုမော့၊လက်ရန်းဘောင်ကိုတစ်ကိုယ်လုံးပစ်မှီရင်းအော်နေတဲ့အခါ၀မ်ရိပေါ်က...

"မရတာမင်းသိရဲ့သားနဲ့..လာပါကွာ..အတန်းခေါင်းဆောင်ဖြစ်နေမှတော့ဘာတတ်နိုင်မှာလဲ"

"အာ..မသိဘူး..ငါမသွားချင်ဘူး..ရိပေါ်..လုပ်ပါ...ငါမသွားချင်ဘူး..အိမ်ပြန်ချင်တယ်လို့"

"မသွားချင်လို့လား"

မျက်လုံးတွေကိုမှေးစင်းရင်း၀မ်ရိပေါ်ကမေးတော့ရှောင်းကျန့်ကခုန်စွခုန်စွလုပ်ရင်း၀မ်ရိပေါ်လက်ကိုဆွဲလို့​ပြန်ဖြေတယ်။

"မသွားချင်ဘူး...မသွားချင်ဘူး...ဒီနေ့ငါမင်းအိမ်လိုက်ရမဲ့နေ့လေ..ကျောင်းကောင်စီခိုင်းတာတွေလုပ်နေရင် မင်းအိမ်လိုက်ဖို့အချိန်ရမှာမဟုတ်ဘူး...လုပ်ပါကွာ..ပေါ်ပေါ်ကလည်း"

"...."

၀မ်ရိပေါ်ကဘာမှပြန်မဖြေဘဲစိုက်ကြည့်နေတယ်။

My Youth Is YoursWhere stories live. Discover now