part(12)

4.2K 90 2
                                    

ကျနော်လည်း အသွေးသားနဲ့လူဘဲ။ အမှတ်သားလုပ်ရုံ
ဘဲဆိုပေမဲ့ လိုချင်တာပေါ့။ ဒါပေမဲ့ သူမှာက ကျနော်
ပေးထားတဲ့ ဒဏ်ရာတွေနဲ့တောင် အဆင်မပြေဘူး
ဖြစ်နေတာ။ ကျနော်သာ ကွကိုမထိန်းချုပ်ဘဲ နေကြည့်
ပါလား သူသတိတောင်မေ့သွားမလားဘဲ။
"ရတေ..ဒီတိုင်း အမှတ်သားလုပ်ရုံဘဲ"
"ဟုတ်..သခင်"
ကျနော်လည်း သူ့လည်ပင်းတွေကို ကျနော့်အပိုင်ဆို
တာ တံဆိပ်ခတ်ပြီးနောက်
"အရုပ်လေး..အိပ်တော့ မနက်ဖြန် အလုပ်သွားရမယ်
မှတ်လား မနက်မထနိုင်ဘဲနေဦးမယ်။"
"ဟုတ်ကဲ့"
သူအိပ်​ပျော်သွားမှ သူ့ကိုကျနော့်ရင်ခွင်ထဲ ထည့်ပြီး
အိပ်စက်ခြင်းဆီသို့......
🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞
မနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့်
အရုပ်လေးရဲ့ ပါးပြင်ကို ကျီစယ်နေသယောင်။
ကျနော့်ရဲ့မိန်းမက ဒီနေ့မှ အကြာကြီးအိပ်ပျော်နေ
တယ်။ ကုတင်ပေါ်ကဆင်းလိုက်ပြီး ခြေသံဖွဖွနင်းပြီး
ပြတင်း​ပေါက်လိုက်ကာ​တွေကို ချလိုက်သည်။
ခုဆိုနေမင်းကြီးရဲ့​နေ​ရောင်ခြည်က အရုပ်လေးပါးကို
မကျီစယ်နိုင်တော့ဘူးလေ။ ကုတင်ပေါ်ပြန်တက်ပြီး
အရုပ်လေးရဲ့မျက်နှာကို ငြိမ်ငြိမ်လေးကြည့်နေလိုက်
သည်။ ဒီအခွင့်ရေးကရှားတယ်လေ။ သူက ကျနော့်
ထက် အရင် နိုးလေ့ရှိတာကို။ အရုပ်လေးရဲ့မျက်နှာကို
ကြည့်နေရင်း ရေငတ်လာသလိုတောင်ဖြစ်လာတယ်။
နှဖူးပြင်ကျယ်ကျယ်လေးရယ် နှာခေါင်းလုံးလုံးလေး
ရယ် ရယ်လိုက်ရင်ပေါ်လာတတ်တဲ့ ပါးချိုင့်ရဲရဲလေး
ရယ် ကကြီးပုံနှုတ်ခမ်းလေးရယ် သူ့ဟာနဲ့သူ
အချိုးကျကျရှိနေပုံက ပန်းချီကားတစ်ချပ်လားဘဲ။
အဲ့နှုတ်ခမ်းလေးက "အင်း..အိစက်နေမှာဘဲ သူမနိုး
လောက်ဘူးမလား" ကျနော်သူ့နှုတ်ခမ်းကို ထိတယ်
ဆိုရုံလေး ထိလိုက်တာပါ။ ဒါပေမဲ့ ကျနော့်စိတ်က
ဦးနှောက်ရဲ့ အမိန့်ကို မလိုက်နာတော့ဘူးဗျ။
သူ့ရဲ့နှုတ်ခမ်းကို မွတ်သိပ်စွာ နမ်းနေမိပြီ။
ကျနော့်အနှုမ်းကြောင့်ထင်လင့်။ သူမျက်လုံးလေး
ပွင့်လာလေပြီ။ သူ့လက်သီးလေးနဲ့ တဖွဖွထုပြီး
ပါးစပ်ကလဲ တအုအုနဲ့ လွှတ်ပေးဖို့တောင်းဆိုနေလေရဲ့။ ကျနော်လည်း အောက်နှုတ်ခမ်းကိုခပ်နာနာလေး
ကိုက်ချလိုက်ပြီး ပြည့်စုံသောအနမ်းတစ်ခု ကို
ပုံဖော်ပြီးလိုက်သည်။ ကျနော် လွှတ်ပေးလိုက်တော့
အံသြနေတယ်ထင်ရဲ့။ မျက်လုံးလေးတောင် ဝိုင်းစက်
နေသည်။ "အရုပ်လေး.."
"ဟုတ်..သခင်"
"မျက်နှာသစ်တော့လေ.. မနက်စာပြင်ရမယ်မလား
ဘာကြောင်ကြည့်နေတာလဲ"
ကျနော်ပြောလိုက်တော့ မပြေးရုံတစ်မယ် ရေချိုးခန်းထဲဝင်သွား​လေသည်။ ကျနော်လည်း ရုံးသွားမို့
အဝတ်တွေပြင်ဆင်လိုက်ပြီး အရုပ်လေးဝတ်မို့ပါ
ထုတ်ထားလိုက်သည်။ စိတ်ထဲမှာလည်း ဒီညတော့
ကျနော် ဘယ်လိုအ​ကြောင်းနဲ့မှ ဥပုသ်မစောင့်တော့ဘူး
ဆိုပြီးတေးထားလိုက်သည်။ ရေချိုးခန်းက အရုပ်
လေး ထွက်လိုက်တာနဲ့ ကျနော်လည်းရေချိုးခန်းကို
ဦးတည်လိုက်သည်။ ရေချိုးခန်းမဝင်မှီတော့
အရုပ်လေးကို "ကုတင်ပေါ်မှာ အင်္ကျီထုတ်ထားခဲ့တယ်
အာ့တာဝတ်လိုက်"
"ဟုတ်..သခင်"
ကျနော်လည်း မျက်နှာသစ်ရေချိုးပြီး အရုပ်လေးနဲ့
couple အင်္ကျီကို ထဘီနဲ့တွဲဝတ်လိုက်ပြီး အပေါ်ထည်
အင်္ကျီကိုလည်း ကြယ်သီးဖြုတ်ပြီး ဝတ်လိုက်သည်။
ဘာလို့coupleဝတ်တာလည်းလာမမေးနဲ့ ဒီနေ့ချစ်သူများနေ့ဗျ။ ကြယ်သီးဖြုတ်ထားတာလည်း အထဲက
T-shirt coupleကိုအရုပ်လေး မြင်စေချင်လို့ဆိုပါ
တော့။..........

365( Complete) Where stories live. Discover now